"ဘာလို့အသံတွေတိတ်ကုန်ကြတာလည်း
ဟက်.. ပြောကြလေ"စေ အခန်းတွင်းရှိအားလုံးကိုခြုံကြည့်ရင်း
စိတ်ပျက်စွာတချက်ရယ်လိုက်သည်
လုပ်တုန်းကတော့လုပ်ထားပြီး
ကြောက်နေလိုက်ကြတာ
စေ ဆိုတဲ့သူကဒီထက်ကြောက်အောင်
လုပ်ပေးဖို့အစီစဥ်ရှိပြီးသားပင်"ခေါ်လာခဲ့"
"ဟုတ်ကဲ့ ဥက္ကဋ္ဌ "
စေ သူ့နောက်တွင်ရပ်နေသောသူ၏
ညာလက်ရုံးဖြစ်သူသီဟအားကြည့်ရင်း
အမိန့်ပေးလိုက်သည်
သူ၏စကားကြောင့်အားလုံးက
တယောက်နှင့်တယောက်ကြည့်ရင်းရှုပ်ထွေးစွာ
ရှိနေကြသည်
ခနအကြာတွင်အခန်းတခုအတွင်းမှ
လူတဦးအား သီဟမှဂုတ်မှဆွဲခေါ်လာ
၍အားလုံး၏ရှေ့တွင်ဒူးထောက်စေလိုက်သည်
စောကရှုပ်ထွေးနေသူများသည်
ထိုလူကိုကြည့်ရင်းပို၍ရှုပ်ထွေးလာကြသည်
ထိုသူများနှင့်ကဲဲပါးစွာပင်
ဦးမျိုးသူသည်ဇောချွေးများပင်ပြန်လာတော့သည်
သူအကောင်းဆုံးဖုံးဖိထားပါလျက်
သူ၏လုပ်ရပ်များသည်ဒိီလိုအဆုံးသတ်တော့မည်လား
တကယ်ပဲသူမလွတ်နိုင်တော့ဘူးလား
ထိုချိန်တွင်တည်ငြိမ်လှသောအသံက
ထွက်ပေါ်လာခဲ့သည်"အားလုံးပဲ ရှုပ်ထွေးနေမယ်ဆိုတာသိပါတယ်
မစိုးရိမ်ပါနဲ့ သိပ်မကြာခင်အားလုံးနားလည်သွားပါလိမ့်မယ်
ကျွန်တော်ကနေပြီးတော့ဒီကိစ္စကိုရှင်းပြပေးပါမယ်"သီဟသည်အားလုံး၏ရှေ့တွင်ရပ်လိုက်ရင်း
သူ၏အသံကိုအားလုံးကြားလောက်သောအသံဖြင့်
စတင်ပြီးရှင်းပြလိုက်သည်"ဒီလိုပါ ဒီနေ့လူကြီးမင်းတို့အားလုံးကို
ဒီပွဲကိုဖိတ်လိုက်ရတဲ့အကြောင်းရင်းကတော့
အခုကောလဟာလတွေထွက်နေတဲ့
အရာတွေအတွက်ဖြေရှင်းပေးဖို့နဲ့
ကုမ္ပဏီ အတွင်းမှာရှိနေတဲ့သူလျှိုကိုဖော်ထုတ်ပြီး
အပြစ်ပေးဖို့အတွက်အလောတကြီး
စုလိုက်ရခြင်းဖြစ်ပါတယ်
ဒီလိုခေါ်လိုက်ရခြင်းကလည်းအားလုံးသိတဲ့အတိုင်း
ဥက္ကဋ္ဌ ကအချိန်ပေးနိုင်ဖို့
သိပ်ကိုခက်တဲ့အတွက်
အားလုံးကိုပင်ပန်းစေမိပြီ
အားလုံးနားလည်မယ်လို့မျော်လင့်ပါတယ်"