"ဆောင်းရေ သမီး ထတော့လေ"
"ဟုတ်မေ"
"အင်းပါ မြန်မြန် ဆင်းခဲ့နော်
ေအာက်မှာသမီးကိုကိုရောက်နေတယ်
မစောင့်ရစေနဲ့ကြားလား""ဟုတ်မေ"
"အင်းပါ အင်းပါ မေဆင်းနှင့်ပြီနော်ချစ်တယ်မေ့သမီးလေး..မွချ်"
"ဟုတ်ချစ်တယ် မေ"
ဆောင်းနဖူးလေးကိုနမ်းကာပြုံးရွှင်စွာပြန်ထွက်သွားသောမေ့နောက်ကျောကျည်းလေးကိုကြည့်ရင်းဆောင်းပြုံးလိုက်မိသည် ဘာပဲဖြစ်ဖြစ် ဆောင်းပျော်ပါတယ်
ဖေနဲ့မေရဲ့မျက်နှာလေးတွေပြုံးနေသရွေ့ပေါ့
ဆောင်းဆန္ဒကအရေးမကြီးပါဖေနဲ့မေသာ
အဓိကဖြစ်သည်ဖေနဲ့မေသာပျော်မယ်ဆိုဆောင်း
အဆင်ပြေသည်
ဆောင်း ပြင်ဆင်ပြီး အောက်ထပ်ဆင်းလာတော့
ဖေနှင့်စကားပြောနေသောကိုကို့အားတွေ့လိုက်ရသည်
ရှက်အပြာဗြောင်ကိုစတိုင်ပန်အနက်နှင့်တွဲဝတ်ကာ
ပုံမှန်လှန်တင်ထားတတ်သောအညိုရောင်ဆံပင်များအား
နဖူးပေါ်ပေါ့ပါးစွာဖွာချထားသည့်
ကိုကိုကဒီနေ့ဆေးရုံးမသွားကြောင်းသိသာစွာပင်"ဖေမောနင်း၊ကိုကိုမောနင်း"
ဆောင်းအသံပေးကာနှုတ်ဆက်ရင်း
ကိုကို့ဘေးခုံတွင်ဝင်ထိုင်လျက်နူးညံ့စွာပြုံးပြလိုက်သည်"မောနင်းသမီး"
"မောနင်း ဆောင်း "
"ကဲဖေ့ချစ်သမီးလေး သမီးကိုကိုနဲ့စကားအေးဆေး
ပြောကြဖေသမီးမေဆီသွားလိုက်အုံးမယ်
သက်တောင့်သက်သာစကားပြောကြဟုတ်ပါလား
ငါ့တူ""ဟုတ်ကဲ့ ဗျ" "ဟုတ် ဖေ"
ဖေကနှစ်ယောက်လုံးအားနှုတ်ဆက်ကာ
မေရှိသောစားဖိုဆောင်သို့ဝင်သွားလေသည်"ကိုကိုကအစောကြီးရောက်နေပါလား"
"ဟုတ်တယ် ဆောင်း ကိုယ်ဒီနေ့ဆောင်းနဲ့အချိန်ဖြုန်း
ချင်တာနဲ့ခွင့်တင်ပြီးစောရောက်လာတာ
ဦးနဲ့တီလေးကိုလည်းပြောပြီးပြီ""အော်ဟုတ်ဒါဆိုဆောင်းပြင်ဆင်လိုက်ပါအုံးမယ်
ခနလောက်စောင့်ပေးဦးနော်ကိုကို"