The Second Age
"ကိုကိုက ယုံးဘို့ဂီကို ပိုချစ်တာလား?"
———————————————————————-
"ဟိတ် ဟိုဂြိုလ်သားကောင်"
"မင်းကို ပြောနေတာ လျှောက်ကြည့်မနေနဲ့ "
Felix ကျောင်းအိမ်သာထဲကအထွက် ကျောင်းထောင့်က Felix ထက် ကြီးပုံရသော စီနီယာ အကိုကြီးတွေ သုံးယောက် အုပ်စုက ခေါ်တာပင်
ဟုတ်ပါသည် Felix သည် ကပြားလေးဖြစ်တာကြောင့် မျက်နှာပေါ်တွင် သူများနှင့် မတူသည့် Freckles လေးများနှင့်ဖြစ်ရာ ဤသည်ကပင် သူ့အတွက် အားနည်းချက်လို
ဖြစ်နေသည် ဂြိုလ်သားကောင်ဆိုသည့် အသုံးအနှုန်း
သည် Felix အတွက် မဆန်းကြယ်တော့သည့် အရာတစ်ခုလိုတောင်ဖြစ်နေသည်"ငါတို့အတွက် ဆေးလိပ်သွားဝယ်ပေး"
"ကျွန်တော့်မှာ ပိုက်ဆံပါမလာဘူး"
"မင်းစောက်ပိုတွေမပြောနဲ့ ငါရိုက်လိုက်ရ"
မြှောက်တက်လာတဲ့ လက်နှင့်အတူ ငုံ့လျှိုးလိုက်တဲ့ ခေါင်းငယ်လေးကြား နောက်ထပ် သန်မာတဲ့ လက်တစ်ခု
ရောက်ရှိလာလေသည်"မထိနဲ့"
တွန်းထုတ်လိုက်သည့် လက်နှင့်အတူ တုတ်ထိုးချိုချဉ်ကို ပါးစောင်ထဲ ထည့်ပြီး အကြည့်စိမ်းစိမ်းနှင့် ထိုငနဲသား သုံးကောင်ကို ကြည့်ပြီးပြောလိုက်သူက အထက်တန်း
နောက်ဆုံးနှစ်က စီနီယာ Hyunjin ပင် တစ်နည်းအားဖြင့် Felix ရဲ့ ငယ်စဉ်တည်းက စူပါဟီးရိုး ကိုကြီး
Hyunjin name tag က အတန်းကိုကြည့်လိုက်တော့
သူ့ဂျူနီယာပင်" မင်းတို့ ကလေးတွေကို အနိုင်ကျင့်နေတာ မတော်ကြသေးဘူးလား "
မည်သည့်အတန်းကပင်ဆိုဆို နောက်ဆုံးနှစ်ဖြစ်ကြသည့် အထက်တန်း စီနီယာများကိုတော့ ကြောက်ကြသည်လေ
" နောက်တစ်ခါ ကလေးတွေကို အနိုင်ကျင့်နေတာ
မြင်ရင် တွေ့ရာနေရာ စောက်ခွက်ရိုက်မယ် သတိထားနေကြ ပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်နေ စောစောစီးစီး သေနေမယ်"ဆူငေါက်လွှတ်လိုက်တော့ အုပ်စုဖွဲ့အနိုင်ကျင့်ချင်သည့် ငနဲသုံးကောင်မှာ ကုပ်လျက် ပြန်ပြေးသွားရတော့သည်