"ကိုကို Lixie မသွားလို့ မရဘူးလားဟင်"
"စာလဲ ကြိုးစားပါ့မယ့် သင်္ချာလဲသေချာတွက်ပါ့မယ် နော် ကိုကို"
"Lixie လေးရယ် တီတီတို့က ကောင်းစေချင်လို့ လွှတ်တာပါ စိတ်မကောင်းမဖြစ်ရဘူးနော်"
"ကိုကိုက ကျောင်းပိတ်ရက်တိုင်း လာတွေ့မယ်လေနော်"
"Lixie ကောင်းကောင်းသွားနော်"
မျက်ရည်ဝဲနေတဲ့ ကလေးလေးက ကျောပိုးအိတ်လေးလွယ်ပြီး ကျောခိုင်းသွားခြင်းကို Hyunjin မှာ မကြည့်ရက် စိတ်လဲ မကောင်းပေ
ဒီတလောအတွင်း အဖြစ်အပျက်များစွာတို့သည် လျှင်လျှင်မြန်မြန်ပင် ဖြစ်ပျက်သွားသည်
Bokie လေးက စာတော်ပြီး သေချာလိုက်နိုင်ပေမယ့် Lixie ရဲ့ ဘာသာစကားအားနည်းမှု့က ထင်သလောက် စာသင်ရာတွင် ရှေ့မရောက်နေခဲ့ပေ ဤသို့ ဤနှယ် အန်တီ Lee တို့၏ စိတ်ပိုင်းဖြတ်မှု့နဲ့ Lixie လေးက ဩဇီက အမျိုးတွေဆီပဲ ပို့ခံလိုက်ရတော့သည်
သံယောဇဉ် တွယ်နေပြီဖြစ်သော Hyunjin အဖို့ တဆာဆာနဲ့ အမြဲ ဆူညံနေတတ်တဲ့ ကလေးတွေဟာ ဘက်ပဲ့သွားတာမို့ Bokie ကပါ ပူညံပူညံမလုပ်တော့ပေရက်ကနေလ လကနေ နှစ်အထိ တိုက်စားလာတော့ အရာအားလုံးဟာ ပုံမှန်အတိုင်း နေသားကျလျက်ဖြစ်သွားသည်
10 years later -
တက္ကသိုလ်ဝန်းထဲတွင် ဆူဆူညံညံ ရှိလျက် ကျောင်းသူ ကျောင်းသားများကလဲ ကိုယ်စီ အလုပ်ရှုပ်လျက်ရှိသည်
ဒီနေ့မှ ကျောင်းသားပွဲတော်နေ့ရှိနေတာမို့ ပိုလှုပ်ရှားသက်ဝင်နေတာလဲဖြစ်မည်"Hwang Hyunjin မင်းကလဲ နောက်ကျလိုက်တာ"
ခပ်လှမ်းလှမ်းကနေ ice americano တစ်ခွက်ကိုင်ရင်းပြေးလာတဲ့ Hyunjin ကို သူငယ်ချင်းတွေက လှမ်းထောပနာပြုတော့သည်
ဒီနေ့ကျောင်းသားပွဲတော်ရဲ့ IR ကိုယ်စားပြု ဆိုင်ကို volunteer လုပ်တဲ့ ခေါင်းဆောင်ဖြစ်သူ Hwang Hyunjin က မနက် ၉ နာရီမှာ ချိန်းပြီး ၁၀ နာရီမှ ရောက်လာလေသည်
"ကားပိတ်နေလို့ပါကွာ မင်းကလဲ"
"ဒီလောက် ရာသီဥတုကအေးနေတာ အာအာတွေသောက်နေ သေမယ်"