"တီတီလေး ကျွန်တော် ကိုရီးယားအိမ်ပြန်ချင်တယ်"
"ပြန်လေ Lixieလေးရဲ့ ဒါပေမယ့် အကြာကြီး နေလို့ မရဘူးနော် ကျောင်းကိစ္စတွေရှိသေးတယ်"
Lix မေမေတို့ရှိတဲ့နေရာ ပြန်ချင်သည်။ ဖေဖေ့ကို ကပ်ချွဲချင်သည်။ မေမေ့ကိုလဲ တီတီတာတာတွေပြောပြီး စားချင်တာတွေချက်ကျွေးခိုင်းချင်သေးသည်။ Yongbok နဲ့လဲ ညီကိုချင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တမ်း ကစားချင်သေးသည်။ နောက်ပြီး ..... ကိုကို့ကို အကြာကြီးဖက်ထားချင်သည်။
Lix Korea ကိုပြန်ချင်သည်ဆိုသည်မှာ ခဏတာ မဟုတ်ဘဲ အပြီး ပြန်ချင်တာပင်ဖြစ်သည်။ တီလေးတို့က မွေးစားထားသလိုမို့ မေမေတို့ထက်ပင် တီလေးကို ပိုကြောက်ရတဲ့ Lix တစ်ယောက် တီလေး၏ ဆိုလိုရင်း ကို သဘောပေါက်လေသည်
"ဟုတ်ကဲ့ပါ" ခုချိန်တွင်တော့ Lix အတွန့်မတက်ဘဲ ငြိမ်ငြိမ်သာနေလိုက်တော့သည်
____________________________________
"ဒါကဘာတွေလဲ YongBokkie"
"အဲ့တာကလေ သူငယ်ချင်းတွေက ပေးလိုက်တာပါ"
အိတ်ထဲကနေ ထွက်လာတဲ့ Pepero ဘူးပေါင်း တစ်သိန်းခြောက်သောင်းကြောင်း Hwang Hyunjin တို့ သွေးတက်လာတော့သည်
Yongbokie တစ်ယောက် အထက်တန်းအောင်ပြီး တက္ကသိုလ်တွေစရွေးတော့ အမှတ်မြင့်ရဲ့သားနဲ့ ဒီကလေးဟာ သူတက်နေတဲ့ IR မေဂျာကိုမှ တက်ချင်ပါသည်ဆိုပြီး အိမ်ကချပေးထားတဲ့ လမ်းစဉ်တွေကို အတင်း အတိုက်အခံလုပ်ပြီးလာတက်ပါသည်တဲ့လေ
ခုလဲ တစ်ကျောင်းလုံးဂျူနီယာပေါက်စလေးတွေရဲ့ Fresher တွေကြားထဲ ရေပန်းအစားဆုံး နံပါတ်(၁) နေရာမှာ ဦးဆောင်ထားပြီး ကျား မ မရွေးရဲ့ အချစ်ခံလေးဖြစ်နေပြန်သည်
"အမလေး.... သွေးတိုးလိုက်တာ"
"ကိုကို နေမကောင်းဘူးလား"
"ကောင်းတယ်။ စကားလမ်းကြောင်း မလွှဲနဲ့ သူများပေးတိုင်းယူစရာလား ပြီးတော့ အဲ့လောက်အများကြီး"
"မယူဘူးလို့ ငြင်းလို့မှ မကောင်းတာကို ကိုကိုကလဲ... ပြီးတော့ ဒီနေ့ pepero day ပဲဟာကို"