Love Triangle Part 1

354 24 2
                                    

"ကိုကို ဘယ်သူ့ကို ပိုချစ်တာလဲ"

"ဟင်"

————————————————————
(The First Age)

Saturday Morning

"ဒုန်း ... ဒုန်းး"

တဒုန်းဒုန်း နဲ့ ထုရိုက်နေတဲ့အသံကတော့ ဘယ်ကမှမဟုတ်ဘဲ အိပ်ခန်းတံခါးဆီကနေပါပဲ

သောကြာနေ့ညမို့ Game ဆော့ Video ကြည့် လုပ်ချင်တာလုပ်ထားပြီး စနေနေ့ နေဖင်ထိုးအောင် အိပ်မယ်ကြံခါမှ သာယာတဲ့ မနက်ခင်းလေးကို ဖျက်စီးတဲ့သူကတော့ နှစ်ယောက်မရှိလှတဲ့ အဲ မဟုတ်ဘူး နှစ်ယောက်ရှိတဲ့ ဘေးအိမ်က အမွှာနှစ်ကောင်ပဲ

"Hyun !!! HYUN လို့ တံခါးဖွင့်ပေးဦးလို့" အသံ tone တူညီသော အသံပိစိလေး နှစ်ခု တစ်ပြိုင်ထဲထွက်လာလေသည်

"လာပြီလို့ !"

အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်ကနေ ကုန်ရုန်းထပြီး တံခါးဖွင့်ပေးတော့ ကမ္ဘာဖျက်မယ့် အမွှာနှစ်ကောင်ဟာ သူ့တို့အိမ်သူ့တိုရာ သူတို့ အိပ်ခန်းလို ဝင်လာပြီး ကုတင်ပေါ် အကျအနကို နေရာဝင်ယူကြပါတယ်

" ဘာလဲ ကလေးတို့က ကိုကိုက ဒီနေ့လေးနားရတာကို"

"မရပါဝူး .... ကိုကိုနဲ့ ဆော့ဖို့လာတာ"

"ဟုတ်တယ် မဆော့ရရင် ပြန်ဝူး"

"ကိုကိုက ခဏလေးအိပ်ဦးမယ် ငယ်လေးတို့က ကို့ကို့ အရုပ်တွေနဲ့ ဆော့နေလေနော်"

"မရဝူးလို့ အားးးး"

" မရရင်လဲ မရဘူးလို့ အားးးးး"

ဟုတ်ပါတယ် Hyunjin တစ်ယောက် ကလေးတွေနဲ့ အပြိုင်အော်နေတာပါပဲ

"ဟဲ့ကလေးတွေ ဘာဖြစ်ကြတာတုန်း" အိမ်အောက်ထပ်မှ မေမေ့အသံကြောင့် ဟိုငဂျီနှစ်ကောင် တိတ်ခနဲ့

"ဘာမှမဖြစ်ဘူးမေမေ" ပြန်အော်ပြောပြီး အခန်းတံခါးသာ လော့ချထားလိုက်ပြီး ကုတင်ပေါ်တက်လာခဲ့သည်

" ကိုကို နည်းနည်းလောက် ထပ်အိပ်ချင်လို့ပါ ငယ်လေးတို့ရဲ့ ကိုကိုနဲ့ တူတူ လိုက်အိပ်လေ ကိုကို ပုံပြင်ပြောပြမယ်"

ပုံပြင်ပြောပြမယ်ဟု ဆိုသော အသံကြောင့် ဂျစ်ကျနေတဲ့ ပေါက်စနှစ်ယောက်က Hyunjin ဘယ်တစ်ဖက် ညာတစ်ဖက် အသီးသီးနေရာဝင်ယူလေသည်

Love Triangle Where stories live. Discover now