အပိိုင်း (၄၄)
မူဆယ်ပြည်သူ့ဆေးရုံကြီး၏ ပြင်ပလူနာဆောင်၏အရှေ့ဘက် Board တွင်မြေဖြူဖြင့်ရေးထားသည်စာတန်းလေးက အောက်ပါအတိုင်း။
'ယနေ့ အာဟာရဒါနအလှူရှင်
မောင်နှိုင်းမရညီ+မောင်ပိုင်ရှင်မောင်'
ထိုနာမည်အရှေ့အနောက်သည်လည်း ပိုင်ရှင်၏စိတ်ကူးပင်။ဘာကိစ္စသူ့နာမည်ကိုအနောက်ထားရသလဲဆို သူ့ဘဝမှာ daddyနှင့်ဖေဖေပြီးလျှင်အရေးအပါဆုံးက နှိုင်းဖြစ်နေလို့ပါတဲ့။
အာဟာရဒါနအလှူအဖြစ် နေ့လယ်စာ ထမင်းနှင့်ကြက်သားဟင်းလှူဒါန်းသည်။ ရေသန့်ကဒ်တစ်ရာလှူသည်။ ဒီကအပြန်ကြရင် မိဘမဲ့ဂေဟာမှာ ဆန်တစ်အိတ်နှင့်ငွေသားသွားလှူဦးမည်။
ဆေးရုံကတာဝန်ရှိသူများနှင့်အတူသူတို့နှစ်ယောက်လည်း ထမင်းဘူးများကိုဝေနေသည်။ ထိုအချိန်ကလေးလေးနှစ်ယောက်က ပိုင်ရှင်ရှေ့သို့ရောက်လာသည်။ ထိုကလေးနှစ်ယောက်သည်အမြွှာဖြစ်ဟန်တူသည်။ ရုပ်လေးများကခပ်ဆင်ဆင်၊ဆင်တူဝတ်စုံလေးနှင့် ကလေးမလေးနှစ်ယောက် ပိုင်ရှင်မောင်က ထိုကလေးနှစ်ယောက်ကိုထမင်းဘူးတစ်ယောက်တစ်ဘူးကမ်းပေးလိုက်ပြီး
"ဦးဦးဆီခဏလာပါဦး"
ကလေးနှစ်ယောက်သည်လည်း ပိုင်ရှင့်ဆီကိုလိမ်မာစွာတိုးကပ်လာသည်။ ပိုင်ရှင်မောင်က ထိုကလေးနှစ်ယောက်ကိုလက်တစ်ဖက်စီဖြင့်ပွေ့ချီလိုက်သည်။ထိုကလေးနှစ်ယောက်သည်လည်းကြည်ကြည်ဖြူဖြူ။
"နာမည်ဘယ်လိုခေါ်လဲမီးမီးတို့"
"မီးမီးကနန်းကိန်ငင်း"
"မီးမီးကနန်းကိန်ခမ်း"
ထိုအမြွှာလေးနှစ်ယောက်ကို တစ်လှည့်စီနမ်းလိုက်ပြီး အောက်ပြန်ချပေးလိုက်သည်။ထိုကလေးနှစ်ယောက်သည်လည်း "ကျေးဇူးတင်ပါတယ်ရှင့်" ဆိုပြီး သူ့ရှေ့ကနေထွက်သွားလေသည်။
"မောင်"
"ဗျာ နှိုင်း"
ချက်ချင်းနှိုင်းဘက်သို့လှည့်ကြည့်ပြီး ပြန်ထူးသည်။