"ဗိုက်ဆာလွန်းလို့သေတော့မယ်!"ကုတင်ပေါ်တွင် လဲလျောင်းနေသော Ifiaသက်ပြင်းချလိုက်သည်။
(T/N- အသံထွက်က အီဖီယာ ပါနော်)ဗိုက်က ဆာလောင်မှုနဲ့အတူ တွန့်လိမ်နေပြီး နာကျင်နေတယ်၊ မကြာခင် တစ်ခုခုမစားရင် ဒုတိယအကြိမ် သေသွားေတာ့မလို ခံစားေနရတယ်။
သူမဘေးနားက အမဲရောင်ပေါင်မုန့်ကို တစ်ချက်ကြည့်လိုက်တယ်။လက်သီးအရွယ် ပေါင်မုန့်သည် အကြာကြီး သိမ်းဆည်းထားသောေကြာင့် မနှစ်မြို့ဖွယ် အနံ့ရှိေနသည်။ တစ်စုံတစ်ဦးကို ပစ်ပေါက်ရင်တောင် လက်နက်အဖြစ် အသုံးပြုရန် အလွန်အသုံး၀င်နေပြီး ၎င်းအား ဘယ်လို ဝါးမျိုချရမည်ကို သူမ မသိတော့ပေ။
ထိုနေ့ေတွတုန်းက သူမသည် နိုင်ငံပေါင်းစုံမှ ထိပ်တန်းစားဖိုမှူးများဖြင့် ထိပ်တန်းစားဖိုမှူးများနှင့်အတူ ထိပ်တန်းပါဝင်ပစ္စည်းများကို စားသုံးခဲ့ဖူးသည်။
သို့သော် ယခု သူမသည် ဆင်းရဲသားရပ်ကွက်တွင်ေရာက်ေနသည်။ သူမ၏ တစ်ခုတည်းသောအိမ်သည် မှိုတက်နေသော သစ်သားပျဉ်ပြား အနည်းငယ်ဖြင့် ဆောက်လုပ်ထားပြီး နောက်စက္ကန့်တွင် ပြိုကျသွားမလို တုန်ယင်နေပါတယ်။ သူမ၏ အကြမ်းထည်အိမ်တွင် စွန့်ပစ်ထားသော သတင်းစာများကို အိပ်ရာအဖြစ် ခင်းကျင်းထားသည်။
တစ်အိမ်လုံးမှာ တန်ဖိုးအရှိဆုံးအရာက သူ့ဘေးနားက ပေါင်မုန့်နက်တုံးလေး ဖြစ်နိုင်တယ်။
ငတ်ပြီးမသေချင်သောကြောင့် အနက်ရောင် ပေါင်မုန့်ကို တွန့်ဆုတ်စွာ ကောက်ယူလိုက်ပြီး ကိုက်လိုက်သည် ။
*Crunch*
အနက်ရောင်ပေါင်မုန့်သည် ပုံစံမပြောင်းလဲပဲ သူမသွားများ ကိုက်ခဲသွားေစသည်။
တိတ်တဆိတ်မျက်ရည်ကျရင်း Ifia သည် ရေခဲမုတ်ဆိတ်ရိတ်စက်ကဲ့သို့ သွားများကိုအသုံးပြုကာ ပေါင်မုန့်ကိုကိုက်ရန် ရုန်းကန်ခဲ့ရသည်။ နောက်ဆုံးတွင် အပိုင်းအစအချို့ကို ကိုက်နိုင်ခဲ့သည်။ ဆိုးရွားသောအရသာက သူမကို အော့အန်ချင်စေသော်လည်း ဆာလောင်မွတ်သိပ်သောဗိုက်က အစာကိုတောင်းဆိုေနသည်။
![](https://img.wattpad.com/cover/359355207-288-k965615.jpg)
YOU ARE READING
A Sweet Girl Won't Be Fooled By The Villainess
Romansaချမ်းသာသော မိသားစုမှ ချမ်းသာသော လူငယ်လေးသည် စာအုပ်တစ်အုပ်မှ Ifia ဟုခေါ်သော ဆင်းရဲသော မိန်းကလေးအဖြစ်သို့ ကူးပြောင်းသွားသည်။ ထို့နောက် စနစ်တစ်ခုက သူမအား ရွေးချယ်မှုတစ်ခုပေးခဲ့သည်။ 【ကမ္ဘာကြီးကုိကယ်တင်မလား】 သို့မဟုတ် 【ဗီလိန်နဲ့သူငယ်ချင်းဖြစ်အောင်လုပ်မ...