ငါ့ကိုမုန်းလိုက မုန်းနိုင်ပါတယ် ကိုကို။
ငါဟာ ဘ၀မလှခဲ့တာမလို့ ကိုကိုပြောနေခဲ့တဲ့အပြစ်တွေကြားမှာခံယူဖို့အသင့်ပါပဲ..
ကိုကို က ငါ့ကိုလက်ထပ်ဖို့အကြိမ်ကြိမ်ငြင်းဆန်နေခဲ့တာပါပဲ။' daddy သေချာစဉ်းစားလေ ကျုပ်ကဒီလိုကောင်ကိုလက်ထပ်စရာလား..'
ငါ့ကို ဇာတ်လမ်းအစကထဲက မုန်းနေပြီလား ကိုကိုရယ်။
မျက်ထောင့်နီကာ လည်ပင်းကြောထောင်သည်ထိစိတ်တိုနေခဲ့သည့်
ခေတ်ရှိုင်းကိုကို သည် သူ့အဖေရှေ့တွင်မူမရှောင်ပဲကျွန်တော့်ကိုပုတ်ခတ်နေခဲ့သည်။" ခေတ်ရှိုင်းကိုကို..ငါးနှစ်ပဲမင်းတို့ကိုလက်ထပ်ပေးမှာ ပြီးရင်သူ့ကိုသူ့နေရာသူပြန်ပို့မှာ .. ငါတို့ရဲ့ ထိုင်းက ကိုယ်တော် ဖီး.."
အယူအရမ်းသီးသော ကိုကို့ရဲ့ဖေဖေဦးသက်ထွန်းဟာ ထိုင်းကဘိုးတော်တစ်ယောက်ရဲ့ယတြာတွေလုပ်ရင်း ကြီးပွားနေသည်ဟုသူကိုယ်တိုင်ယူဆနေခြင်းဖြစ်မည်။
" အဲ့ -ီးကောင်စကားကိုနားထောင်ပြီး ကျုပ်က ယောက်ျားချင်းလက်ထပ်ရမယ်ပေါ့.."
ကိုကို့အဖေရဲ့လက်သီးတစ်ချက်ဟာ ကိုကို့မျက်နှာသို့တိုက်ရိုက်ကျရောက်သွားလေပြီ။ ကျွန်တော်ဟာ လဲကျသွားတဲ့ ကိုကို့ဆီပြေးသွားကာ ထူခဲ့သော်လည်း။
" ဖယ်စမ်း.. မင်းအရှက်မရှိဘူးလား မင်းကိုဘယ်သူကငါ့အသားထိခိုင်းနေလို့လဲ ဟမ်.."
ကိုကိုရယ်.. ငါတို့က ချစ်သူ.. ဟင့်အင်းမဟုတ်ဘူး.. ငါတို့က ငယ်သူငယ်ချင်းတွေလေ ကိုကိုရဲ့။
ဓူဝံငယ် လေးသည် ကျောင်းမတက်ခဲ့ရ။ သို့သော် ခေတ်ရှိုင်းကိုကိုတို့နှင့်ရင်းနှီးခဲ့ရသည်။ ငယ်ငယ်ကကိုကိုဟာ အရမ်းကြင်နာတတ်တာ..။အဖြူအစိမ်းဆိုတာလေးတွေဟာ ဓူဝံငယ်လေးတို့ဘ၀နှင့်မသက်ဆိုင်ခဲ့ပေ။
မနက်ပန်းရောင်းချိန်ဆိုလျှင် ကိုကိုတို့ရဲ့ကားအဖြူရောင်လေး ဟာ မီးပွိုင့်မှာရပ်လာတတ်သည်။
မှတ်မိပါသေးသည်။ ပထမဆုံးကိုကို့ကိုစတွေ့တဲ့နေ့က ကိုကိုဟာ သူ၏ဖေဖေ၏ဘေးတွင်လိုက်ပါလာသည်။ မီးပွိုင့်ရပ်တော့
ခရေပန်းလေးတွေကိုယူကာ ကိုကို့ကားဆီအပြေးလေးကပ်လာခဲ့သည်။ကားမှန်ကိုအသာခေါက်လျှက်..
YOU ARE READING
My Husband Calls Me Poor
Romanceစံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က "မင်းကိုချစ်တယ် ဒါပေမဲ့ ငါ့မာနကိုပိုချစ်တယ်"တဲ့လေ စောဓူဝံဆိုတဲ့ ကျွန်တော်ကတော့ ကိုကို့အပြုံးအောက်မှာ မာနဆိုတဲ့အရာတွေချိုးနှိမ်ထားဆဲပါကိုကို။ ပထမဦးစွာ ဒီ fiction လေး က မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းထားခြင်းမဟုတ်ကြေ...