ကိုကိုနဲ့အတူတူအိပ်ရမယ်ထင်နေခဲ့တာ။
ဒါပေမဲ့လည်း ကိုကို က အရင်လိုမှမဟုတ်တော့ပဲလေ။
ငါ့ရဲ့စိတ်နဲ့ခန္ဓာဟာ ကိုကို့အပေါ်ပဲသက်ဆိုင်တာမလို့
ကိုကိုဘယ်လောက်ပြောင်းလဲနေပါစေ ငါချစ်နေမယ်ကိုကို။ကိုကိုဟာ ၀ရံတာမှ အတွင်းသို့ ပြန်၀င်လာတယ်။
သူ့ကုတင်ပေါ်ကိုတက်သွားပြီး နံရံကိုမျက်နှာမူပြီးအိပ်သွားတယ်ထင်ပါရဲ့။
ကျွန်တော်ကတော့ အောက်က ကြမ်းပြင်ပေါ်အိပ်ဖို့နေရာရှာရအုန်းမယ်။ကျွန်တော် ကိုကို့ခြေရင်းမှမတ်တပ်ထရပ်လိုက်ပြီး လိုက်ရှာကြည့်တော့ ဖျာနှစ်ချပ်ကိုသွားတွေ့တယ်။ စာအုပ်စင်အောက်မှာထိုးထားတယ်လေ။ အဲ့တာလေးက ကျွန်တော့်ရဲ့ပထမဆုံးမွေးနေ့လေးမှာ ကိုကိုယူလာခဲ့တဲ့ဟာလေးမလား။ ခုချိန်ထိသိမ်းထားပေးတာပဲ ကိုကိုက။ ငါအိပ်လို့ရတာပေါ့။
ဒါမဲ့ ကိုကိုကယူတာကြိုက်ပါ့မလား။" အဲ့ဖျာခင်းအိပ် ။ မင်းမှာလက်ပါတယ်မလား။ လက်နဲ့ခေါင်းအုံး.."
စဉ်းစားနေရင်းမှာပဲ ကိုကိုက လှည့်မကြည့်ပဲ စကားဆိုလာ၏။
ကိုကိုကဂရုစိုက်တယ်လို့ခံစားမိတိုင်းနွေးထွေးရပါတယ် ကိုကိုရယ်။ကျွန်တော်အောက်ကြမ်းပြင်မှ ကိုကို့ကျောပြင်ကို ကြည့်နေမိတယ်။
ကိုကို့ကျောပြင်ကိုသာငေးနေရတာ ဘယ်လောက်ကြာပြီလဲ။
တကယ်တမ်းကျွန်တော်တို့ မတွေ့ရတော့တာ ၇နှစ်ကျော်ခဲ့ပြီ။
အရင်က ကိုကို့ရဲ့အပြုံးကိုသာ အခုပြန်မြင်ရရင် ကျွန်တော်ဘယ်လောက်တောင်၀မ်းသာလိုက်မလဲ။ ပြီးတော့ ကိုကိုအခုလိုရုတ်တရက်ပြောင်းလဲသွားရတဲ့ အဓိကအကြောင်းအရင်းကရော ဘာတဲ့လဲ။
____________________________
"နိုးနိုးလေးရေ..""ဟာ ကိုကြီးခေတ်ရှိုင်း..အိမ်လာတာလား.."
နိုးနိုးလေး က ကိုကိုလို့ခေါ်ချင်ပေမဲ့ မနာလိုသ၀န်တိုသော မောင်စောဓူဝံတို့ရဲ့တားမြစ်မှုကြောင့် ကိုကြီးခေတ်ရှိုင်းလို့သာခေါ်ရ၏။
အိမ်ခြံ၀မှလှမ်းခေါ်သော ကိုကို့ကို နိုးနိုးလေးက တန်းနှုတ်ဆက်၏။
ကျောင်းပိတ်ရက်ဖြစ်၍ ကိုကိုသည်လည်း အလည်လာတတ်သည်။
ကျွန်တော်ကတော့ ထမင်းချက်ဖို့ထင်းပျိုးနေတုန်းပင်။
YOU ARE READING
My Husband Calls Me Poor
Romanceစံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က "မင်းကိုချစ်တယ် ဒါပေမဲ့ ငါ့မာနကိုပိုချစ်တယ်"တဲ့လေ စောဓူဝံဆိုတဲ့ ကျွန်တော်ကတော့ ကိုကို့အပြုံးအောက်မှာ မာနဆိုတဲ့အရာတွေချိုးနှိမ်ထားဆဲပါကိုကို။ ပထမဦးစွာ ဒီ fiction လေး က မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းထားခြင်းမဟုတ်ကြေ...