ကိုကိုပေးတဲ့စက်ဘီးလေးကိုကျွန်တော်အလွန်နှစ်သက်သည်။
ပန်းလေးတွေကိုင်ရင်းလမ်းလျှောက်ခဲ့ရတဲ့ဘ၀ကနေ ကိုကိုပေးတဲ့စက်ဘီးလေးကိုယိုင်တိုင်တိုင်စီးရင်း ပန်းရောင်းလာနိုင်ပြီ။
ကိုကို့ကျေးဇူးတွေကမနည်းပါလား။
လပ်ကီးလေးကငယ်သေးတော့ အိမ်မှာပဲ ဟင်းနယ် ထမင်းနဲ့ အပေါက်ပိတ်ပြီးထားခဲ့တယ်။ မခေါ်လာချင်သေးဘူး ။ သူလေးနဲ့လမ်းမကြီးမရင်းနှီးသေးဘူးလေ။ကိုကိုနဲ့ ကိုကို့ဖေဖေကားကို ကျောင်းဖွင့်ရက်တိုင်းတွေ့ရတယ်။
တစ်ခါတစ်ခါကျ ကိုကိုကလက်ပြနှုတ်ဆက်သွားတယ်။ တစ်ခါတလေကျရင်တော့ အပြုံးလေးနဲ့ပေါ့..။ ရူးသွပ်ရပါတယ်ကိုကိုရယ်။ပန်းလေးတွေကုန်တာနဲ့ အိမ်ကိုပြန်တယ်။ ကိုကိုတို့လာမလားလို့မျှော်ရတာပေါ့။
တစ်နေ့မတွေ့ရရင် ရက်တစ်ရာဝေးကွာနေသလိုပါပဲလားဗျာ။ ကျွန်တော့်ကိုစိုးမိုးနိုင်လိုက်တာ..။
တစ်နေ့ ကိုကိုနှစ်ရက်တောင်မလာခဲ့ပါ..။"ကိုကိုဘာတွေလုပ်နေလဲသိလားဟင် လပ်ကီး.."
"ဝု..."
"ကိုကိုငါ့ကိုနှစ်ရက်တောင်ပစ်ထားတယ် သိလား.."
လပ်ကီးလေးကညည်းပြသည်။ လပ်ကီးလေးတောင် နှစ်လလောက်ရောက်ပြီလေ။ ဟိုသွားဒီသွားးလုံးတုံးတုံးဖြင့်ချစ်ဖို့ကောင်းနေတုန်းပင်။
"ဟေ့...ဓူဝံငယ်.."
အိမ်ရှေ့ကအော်ခေါ်သံကြောင့်..ဓူဝံခေါင်းမော့ကာကြည့်မိသည်။
အသံကတော့ဒေါ်တုတ်ရဲ့သားအသံပင်။"ဟျောင့်..ဓူဝံငယ် တံခါးလာဖွင့်အုန်း.."
"ဗျာ..အော်..ဟုတ်..ဟုတ်ကဲ့ဗျ.."
ခြံထဲပြေးအထွက်မှာ ခြံထဲ၌ပင် အရက်နံ့ကတစ်ထောင်းထောင်း။
နှာခေါင်းပင်ပိတ်ထားမိပါသေးသည်။ မျက်စောင်းတစ်ချက်ထိုးကြည့်ကာ" ပြော အကိုတာ ဘာကိစ္စလဲ..အရက်နံ့ကလဲ နံစော်နေတာပဲ.."
"မင်းအပူလား ငါ့ငါနံတာ.. အေ့.. မင်း မင်းညီမတွေရော.."
"၀တီက ကျူရှင်သွားတယ်.. နိုးနိုးလေးက ကိုလှသောင်းတို့ဘုရားပွဲဈေးကိုလိုက်ပို့တယ် ဘာလို့လဲ.."
YOU ARE READING
My Husband Calls Me Poor
Romanceစံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က "မင်းကိုချစ်တယ် ဒါပေမဲ့ ငါ့မာနကိုပိုချစ်တယ်"တဲ့လေ စောဓူဝံဆိုတဲ့ ကျွန်တော်ကတော့ ကိုကို့အပြုံးအောက်မှာ မာနဆိုတဲ့အရာတွေချိုးနှိမ်ထားဆဲပါကိုကို။ ပထမဦးစွာ ဒီ fiction လေး က မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းထားခြင်းမဟုတ်ကြေ...