" အော် .. ဟို ကိုကိုပြောတဲ့ဆင်းရဲသားကောင်လေးလား..ခိခိ.."
ကိုကိုကျွန်တော့်ကိုခနမျှငဲ့ကြည့်တယ်။ ကိုကို့မျက်၀န်းမှာအနည်းငယ်တော့စိတ်မကောင်းဟန်ပေါ်သွားသည်။
ပြီးမှကျွန်တော့်ဆီမှမျက်နှာလွှဲလိုက်ကာ" အော် ဒါနဲ့ ဟန်နီ အန်ကယ်တို့ရော.."
" ဖေဖေတို့က အထဲမှာလေ ကိုကိုရဲ့ လာ.."
ကျွန်တော်ကလက်တစ်ဖက်ကိုချိတ်။ ဟန်နီဆိုတဲ့ကောင်မလေးကလက်တစ်ဖက်ကိုချိတ်။
အင်းပေါ့လေ။ကိုကိုပြောသလိုအသိသက်သက်ပဲဖြစ်ပါစေပေါ့။
ကျွန်တော်လက်ကိုလွှတ်ချရန်လုပ်တော့။"ဘာလုပ်တာလဲ..လူတွေအများကြီးကြားထဲမင်းတစ်ယောက်ထဲကျန်ခဲ့ချင်လို့လား.."
"မဟုတ်ပါဘူး..ကိုကို လူကြီးတွေနဲ့သွားတွေ့မှာဆို.."
"မင်းက ငါယူထားတဲ့ကောင်.. မင်းပါလိုက်ခဲ့ရမယ်.."
ကျွန်တော့်မျက်၀န်းတို့ကို ကိုကို စိုက်ကြည့်ပြီးပြောလိုက်တာပဲ။
ငါယူထားတဲ့ကောင်တဲ့။ ကိုကို့စကားကကြမ်းနေပေမဲ့ အဲ့တာ.. အဲ့တာ ပိုင်ရှင်လို့ပြောလိုက်တဲ့သဘောမလား။ကျွန်တော်တွဲလျက်သားလိုက်ပါလာတော့ dinner စားပွဲအရှည်ကြီးကိုတွေ့လိုက်ရတယ်။
ထိုင်နေကြတာတွေအားလုံးကတော့ လူကြီးလူကောင်းတွေဖြစ်မည်။ ကိုကိုကတစ်ခုံထဲလွတ်သည့်နေရာတွင်မထိုင်။ နှစ်ခုံလွတ်တဲ့နေရာကိုတမင်ရွေးကာကျွန်တော့်ကိုသူ့ဘေးတွင်သာထိုင်စေသည်။"မောင်ခေတ်ရှိုင်းတို့ .. မျက်နှာဖုံးတွေချွတ်ထားပါ ။ ပြီးလို့ ကချင်မှ မျက်နှာဖုံးပြန်၀တ်ကြ.. အခုစားကြမယ်.. နည်းနည်းပါးပါးတော့သောက်တတ်တယ်မလား လူလေး.."
"ဟုတ်ကဲ့ ကျွန်တော် သောက်တတ်ပါတယ် အန်ကယ်..ဒါပေမဲ့ သူကတော့.."
ကိုကိုကကျွန်တော့်ကိုလက်ညှိုးထိုးကြကာ ပြောမည်အပြုမှာပဲ အဲ့အန်ကယ်ကြီးဘက်ကစကားသံတစ်ခုပြန်ရောက်လာသည်။
" မသောက်လို့မရဘူးနော် မောင်ခေတ်ရှိုင်း အဟား.. ဒီလိုပွဲမျိုး ဒီလိုဝိုင်းမျိုးမှာမှ မသောက်ရင် ယဉ်ကျေးမှုမရှိရာကျတယ်.."
YOU ARE READING
My Husband Calls Me Poor
Romanceစံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က "မင်းကိုချစ်တယ် ဒါပေမဲ့ ငါ့မာနကိုပိုချစ်တယ်"တဲ့လေ စောဓူဝံဆိုတဲ့ ကျွန်တော်ကတော့ ကိုကို့အပြုံးအောက်မှာ မာနဆိုတဲ့အရာတွေချိုးနှိမ်ထားဆဲပါကိုကို။ ပထမဦးစွာ ဒီ fiction လေး က မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းထားခြင်းမဟုတ်ကြေ...