" မင်းညီမက ဘာလာပြောနေတာလဲ.."
"ဟို..ဟိုလေ.."
" စောက်စကားကိုရှည်အောင်မလုပ်နဲ့ .. ပြောစရာရှိတာသာပြော.."
ကိုကို့အမိန့်အာဏာသံကိုကျွန်တော်မလွန်ဆန်နိုင်ပါဘူး။ ကိုကိုဟာ ကျွန်တော့်ဘ၀ကို ဘယ်တုန်းကမှမချုပ်ကိုင်ခဲ့ဖူးတဲ့ အမိန့်တွေနဲ့ပြန်လည်ချုပ်နှောင်နေခဲ့ပြီလေ။
သံယောဇဉ်နဲ့ကိုကို့ပေါ်ထားတဲ့ငါ့ရဲ့အချစ်ဆိုတာတွေသာမရှိတော့ရင် ငါမင်းကိုမုန်းပစ်လောက်တယ်ကိုကို။" သူ..သူ ငွေလိုနေလို့ ငါ့ဆီလာတောင်းတာ ကိုကို.."
" မင်းကို ငါ့ဒယ်ဒီက ဘယ်လိုပြောထားတာလဲ.."
"မင်းနဲ့လက်ထပ်ပြီး ၂လနေမှ ပိုက်ဆံအကုန်ပေးမယ်ဆိုပြီး ပြောထားတာပါ.."
"ဒါဆို မင်းဒီကိစ္စကိုဘယ်လိုလုပ်ချင်လဲ.."
ကိုကိုကအရမ်းမေးခွန်းသက်တယ်။ ငါကိုယ်တိုင်သာစာတတ်ပေတတ် ငွေရှာတတ်တဲ့လူတစ်ယောက်ဆိုလျှင်ငါဘာလို့အောက်ကျခံပြီးတောင်းပါ့မလဲကိုကိုရယ်။
"ငါမင်းကိုပြန်ဆပ်မှာပါကိုကို .. ဒီ ၂၅သိန်းကို ချေးဖြစ်အောင်ချေးပေးပါ ကျေးဇူးပြုပြီး.."
ခေတ်ရှိုင်း စားပွဲကိုဝုန်းခနဲ ထထုလျှက် ထိုင်နေရာမှထကာ အခန်းထဲ၀င်သွား၏။ ပြန်ထွက်လာတော့ ငွေထုတ်တွေကိုကိုင်လျှက်ဧည့်ခန်းမှာထိုင်နေတဲ့ ကြယ်လေးရဲ့မျက်နှာကို ပစ်ပေါက်သည်။ အရှိန်ပါတာကြောင့် နှာခေါင်းမှပင်သွေးများစီးကျလာတော့၏။
ခြေလှမ်းသွက်သွက်ဖြင့်ရောက်လာပြီး။" ငါတမင်လုပ်တာမဟုတ်ဘူး အောက်ကိုချတာ မင်းကိုမှန်သွားတာ.."
တစ်ရှူးတစ်ခုကိုအိတ်ထဲမှာယူလျှက်ပေးပြီး ခေတ်ရှိုင်း က သူ့ဘေးမှာ၀င်ထိုင်လိုက်သည်။
" ရပါတယ် ကိုကို.. ငါကနေသားကျနေပါပြီ။ အခုကျနေတဲ့ဒီသွေးတွေက ငါ့ရင်ထဲကဒဏ်ရာတွေနဲ့ယှဉ်ရင် ပါမွှားလေးပါ.."
"ကျစ်..မင်းအဆင်ပြေရဲ့လား.."
ကျွန်တော်ခေါင်းသာညိတ်ပြပြီး အဆက်မပြတ်ကျဆင်းနေသော နှာခေါင်းသွေးတို့ကိုဖိသုတ်နေမိတယ်။ နေလဲပူလို့ထင်ပါတယ် နှာခေါင်းသွေးပမာဏများသွားရဲ့။
YOU ARE READING
My Husband Calls Me Poor
Romanceစံပယ်ပန်းလေးတွေရဲ့အဓိပ္ပာယ်က "မင်းကိုချစ်တယ် ဒါပေမဲ့ ငါ့မာနကိုပိုချစ်တယ်"တဲ့လေ စောဓူဝံဆိုတဲ့ ကျွန်တော်ကတော့ ကိုကို့အပြုံးအောက်မှာ မာနဆိုတဲ့အရာတွေချိုးနှိမ်ထားဆဲပါကိုကို။ ပထမဦးစွာ ဒီ fiction လေး က မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ညွှန်းထားခြင်းမဟုတ်ကြေ...