မနက်ဖြန် သို့မဟုတ် ဘယ်​သောအခါမှ

592 53 14
                                    

တိမ်​တောက်နေတဲ့ သာမန်ည​နေခင်း။ မူမမှန်တဲ့ရာသီဥတုနဲ့ ကွာခြားစွာ တစ်​လောကလုံးဟာ ပုံမှန်။ ဖြာကျ​နေတဲ့​နေခြည်​နွေး​နွေးက ​လေပြည်​အေး​အေးနဲ့ ပနံသင့်လျက်။ သို့​သော် တစ်စုံတစ်ရာက မလိုက်ဖက်​နေသလိုမျိုး အစိမ်းသက်သက်။

​ဆောင်းဦး​နေ့ရက်​တွေဟာ ​အေးချမ်းသ​လောက် အထီးကျန်ဆန်စွာ။ တစ်ရက်တစ်ရက်က​တောင်မှ ကုန်ဆုံးဖို့ ခက်ခဲ​နေသလိုမျိုး ရှည်ကြာလွန်းလှသည်။ သာယာတဲ့ရာသီဥတု​ပေမယ့် ဘာ​ကြောင့်မှန်းမသိ ပျင်းရိစရာ​ကောင်း​နေပြီး ဒီ​ဆောင်းဦးဟာ လျင်လျင်မြန်မြန် ကုန်ဆုံး​ကျော်လွန်သွားချင်စရာ။

တသဲသဲ​ကြွေကျ​နေတဲ့ ​ရွှေအို​ရောင်ရွက်​ကြွေ​တွေ။ တချို့က ​မြေပြင်မှာ၊ တချို့က​တော့ ပင်ယံမှာ။ ​ကြွေတချို့ ​ဝေတချို့ ​မြင်ကွင်းက လွမ်း​မောဖို့​ကောင်းတာက​တော့ ငြင်းမရတဲ့အမှန်တရားဖြစ်သည်။ ​လေပြည်​ဝှေ့လို့ ပြန့်ကျဲသွားတဲ့အခါ ရွက်​ခြောက်​မွေ့ရာ ခင်းထားသလို။ ဒါ​တောင်မှ သံ​ယောဇဥ်မကုန်​သေးတဲ့ ရွက်​ကြွေ​တွေဟာ လေပြည်သွားရာလမ်း​နောက်ကို ​ပြေးလိုက်သွားကြ​လေသလိုမျိုး။

လွမ်း​မောစရာဖြစ်တဲ့​ဆောင်းဦးဟာ ရင်​မောစရာလည်း ​ကောင်းလှသည်။ ဒီ​ဆောင်းဦးရဲ့ရွက်​ဟောင်း​တွေနဲ့အတူ ကြွေကျခဲ့တဲ့နှလုံးသား​တွေ ဘယ်နှခု​တောင် ရှိလိမ့်မလဲ။ ဒီ​ဆောင်းဦးရဲ့ရွက်​ဟောင်း​တွေနဲ့အတူ မြှုပ်နှံလိုက်ရတဲ့ ခံစားချက်​တွေက ဘယ်​လောက်​တောင် များလိမ့်မလဲ။ ဒါဟာ မည်သူမှ အ​ဖြေမရှာနိုင်မယ့်အရာ။

​ဆောင်းဦးက ​ကြေကွဲဖို့​ကောင်းလွန်းတာပဲ။
ဒါဟာ ရာသီဥတု​လေထု​ကြောင့်လည်း ဖြစ်နိုင်သည်။
သို့မဟုတ် မွန်းကြပ်ကြပ်နှလုံးသားကြောင့်လည်း ဖြစ်နိုင်သည်။

ဖြစ်နိုင်တာက​တော့ အ​ကြောင်းအရင်းမှန်အတွက် ပထမအ​ဖြေကိုပဲ ဖယ်လိုက်သင့်​လေသလား။

ရီခီ သက်ပြင်းကိုသာ ချမိသည်။ ထိုမှတစ်ပါး သူ ဘာမှမတတ်နိုင်ခဲ့။

​လှေကားထစ်​တွေထက်က သူ၏​ခြေလှမ်းဟာ ​လေးတိ​လေးကန်။ ​ရေ​သေအိုင်လို တည်ငြိမ်​နေတဲ့မျက်နှာထားဟာ အခန်းတစ်ခုရဲ့ တံခါးဝဆီကို ​ရောက်တဲ့အခါမှာ​တော့ တစ်မျိုး​ပြောင်းသည်။ ညိုမှိုင်း​နေဆဲမျက်ဝန်းနဲ့ ဆန့်ကျင်စွာ နှုတ်ခမ်း​ထောင့်​စွန်းတွေက မသိမသာ ​ကွေးညွတ်လျက်။ အပြုံး​ရေး​ရေးတစ်ခုဟာ ရီခီ့နှုတ်ခမ်းထက်မှာ ​နေရာတကျဖြင့်။

တစ်​နေ့​နေ့​တော့ ချစ်၍လာလိမ့်မည် | HEEYUNKI ✔Where stories live. Discover now