" ရှင်းမ်ဂျယ်ယွန်း. မင်း နောက်တစ်ခါ ရန်ဖြစ်နေတယ်ဆိုလို့ကတော့ ငါ လာမဆွဲတော့ဘူး. ဒီအတိုင်း ပစ်ထားတော့မှာ. မင်းဟာမင်း ဘာပဲဖြစ်ဖြစ် "
အေးစက်စက် နိုဝင်ဘာလနေ့ရက်တစ်ခု။ အုံ့မှိုင်းနေဆဲ နေ့လယ်ခင်းအချိန်ဟာ စိတ်ကို ပိုပြီး ထိုင်းမှိုင်းစေသည်။ တိတ်ဆိတ်နေတဲ့လေထုကြား ဆောင်းဟွန်းအသံက လိုအပ်တာထက် ကျယ်လောင်လျက်။ ထိုအသံတွင်းမှာ စိတ်ရှုပ်မှုတွေကလည်း သိသိသာသာ။
ဝါဂွမ်းစကိုကိုင်ထားတဲ့ ဆောင်းဟွန်းရဲ့လက်ချောင်းသွယ်သွယ်တွေဟာ ကျွမ်းကျင်နေပြီးသားလူလို။ မျက်ဝန်းနက်နက်တွေက သေချာ အာရုံစိုက်နေပေမယ့် နှုတ်ခမ်းပါးတွေကတော့ တဖွဖွ ဆူပူဖို့ မမေ့မလျော့။ တစ်ခါတစ်ခါ အလိုမကျစွာ ထွက်ပေါ်လာတဲ့ သက်ပြင်းချသံက အပိုအဆစ်။
တကယ်ပါ။ ဒီလူဆိုးကောင်လေးနဲ့သာဆို ဆောင်းဟွန်း အသက်တိုရမှာ မလွဲ။ သူကတော့ တစ်နေ့ဆယ်ခါမက သက်ပြင်းချည်း ချနေရတယ် မဟုတ်လား။
မျက်မှောင်ကြုံ့ထားတဲ့အခါ ဆောင်းဟွန်း မျက်နှာထားက ခပ်တင်းတင်း။ နဖူးကြောလေးတွေကတောင်မှ မသိမသာ ရှုံ့လို့နေသည်။ စိတ်အလိုမကျမှုဟာ ပန်းနုရောင်သမ်းတဲ့ မျက်နှာနုနုမှာ ထင်ရှားစွာ ထင်ဟပ်လျက်သား။
ခက်တယ်။
ရှင်းမ်ဂျယ်ယွန်းနဲ့တော့ တကယ်ခက်ရတယ်။တစ်ခါတလေများကျပြန်တော့လည်း ဒီလိုလူဆိုးကောင်လေးကို ဘယ်လိုစိတ်နဲ့များ ချစ်မိခဲ့ရပြန်တာလဲ ဆိုတာ ဆောင်းဟွန်း တွေးကြည့်လို့ပင်မရ။
ဂျယ်ယွန်းက ငယ်ငယ်တုန်းက အများကြီး ချစ်ဖို့ကောင်းခဲ့တာကို။ အခုလို လူဆိုးဂျစ်တူးလေးမှ မဟုတ်ခဲ့ပါဘဲ။ အခုများတော့ ဘယ်ကနေ ဘယ်လို ပြောင်းလဲသွားမှန်း သူ တွေးပင်မတွေးတတ်။
ဘယ်လိုလူပဲဖြစ်နေပါစေ ရှင်းမ်ဂျယ်ယွန်းဖြစ်နေရုံနဲ့ ချစ်နေလိမ့်မှာ ဆိုပေမယ့် ကိုယ်ချစ်ရသူကို နည်းနည်းလေးမှ မထိခိုက်စေချင်တာ ဆောင်းဟွန်း၏အတ္တ။
YOU ARE READING
Hate You | SUNGJAKE ✔
FanfictionHating you is the only way it doesn't hurt. commission Sungjake fanfic for "koko" Start date : 25.3.2024 end date : 12.4.2024