the only way

310 50 0
                                    

ဆူညံ​နေတဲ့အ​ရေး​ပေါ်ခန်း။ လှုပ်ရှားသွားလာ​နေတဲ့ လူ​တွေနဲ့အတူ ဆူညံ​နေတဲ့ပတ်ဝန်းကျင်။ အပြင်းအထန်ဖြစ်ဖြစ်၊ အ​သေးအမွှားဖြစ်ဖြစ် လူနာ​တွေဟာ အများအပြား။ ​လေထုဟာ မွန်းကြပ်ဖို့​ကောင်းလွန်းသည်။ အခြေအ​နေဟာ စိတ်ညစ်ညူးဖွယ်အတိ။

သီးသန့်ခန်းထဲမှာ​တော့ ဂျယ်ယွန်းဟာ တိတ်ဆိတ်စွာ ငြိမ်ငြိမ်သက်သက်။ လက်ဖျား​လေး​တွေဟာ ​အေးစက်လို့​နေသည်။ သူ၏​ရှေ့ကဆရာဝန်ကို ရဲရဲပင် မကြည့်ဝံ့သလို စကားသံ​တွေကိုလည်း နားမ​ထောင်ဝံ့။ တုန်လှုပ်​နေတဲ့နှလုံးသားက ပိုလို့ပင် ဆိုးဝါးလာမှာ စိုးရိမ်​နေတာ​ကြောင့်။

" ဘယ်လိုပဲဖြစ်ဖြစ် ထိခိုက်သွားတဲ့ ဒဏ်ရာက တော်တော် ပြင်းထန်တာမို့လို့ figure skate ပြန်စီးဖို့က​တော့ ခက်ခဲပါလိမ့်မယ် "

လွန်ခဲ့တဲ့မိနစ်ပိုင်းကတည်းက ကြားခဲ့ရတဲ့ ဆရာဝန်ရဲ့ မတိုးမကျယ်အသံဟာ ဂျယ်ယွန်းအတွက်​တော့ ရခုတိုင် စူးစူးဝါးဝါး။ သူ၏နားထဲမှာ ဗုံးတစ်လုံး ပေါက်သွားသလိုပင် ထူပူ​လောင်မြိုက်​နေဆဲ ဖြစ်သည်။

ဘုရားသခင်။ သူ နားကြားများ မှား​လေ​ရော့သလား။ ဓာတ်မှန်အ​ဖြေတွေကပဲ ချို့ယွင်း​နေတာများလားဟင်။

ဆရာဝန်၏စကား​ကြောင့် ​ဘေးလူဖြစ်တဲ့ ဂျယ်ယွန်းကိုယ်တိုင်က​တောင် တုန်တုန်လှုပ်လှုပ်။ ဒီအ​ကြောင်းကို ​ကာယကံရှင်ဖြစ်တဲ့ ဆောင်းဟွန်းသာ သိလိုက်ရရင် ဆေးရုံကုတင်ပေါ်မှာတင် အရုပ်ကြိုးပြတ် ဖြစ်သွားလိမ့်မှာလား။ သူ နည်းနည်း​တောင် ​တွေးမကြည့်ရဲ။

ကံကြမ္မာက တကယ့်ကိုပဲ ရက်စက်လွန်းလိုက်တာ။ လူသားတစ်ဦး​အပေါ် နည်းနည်းမှ​တောင် ငဲ့ကွက်ခြင်း မရှိပါဘဲ မညှာမတာနဲ့။

ဒါ့အပြင်ကိုမှ လူသန်း​ပေါင်း ၇၀၀၀ ​ကျော်​တောင် ရှိ​နေတဲ့ ကမ္ဘာကြီး​ပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင်
​ဆောင်းဟွန်းကိုမှ...။

သူ၏ဆောင်းဟွန်းကိုမှ...။

စကိတ်စီးနေရရင် တစ်လောကလုံးကို ပိုင်ဆိုင်ထားရသလိုမျိုး အတောက်ပဆုံး ပြုံးရယ်နေတတ်တဲ့ ဆောင်းဟွန်းက ဘယ်​လောက်​တောင် ကြည်နူး​ပျော်ရွှင်​နေခဲ့လိမ့်မလဲ။ အတိတ်ပုံရိပ်တွေကို အမှတ်မထင် သတိရမိ​တော့ သူ့မှာ အရူးတစ်ပိုင်း။ ​ကာယကံရှင်​တော့ မသိ​ပေမယ့် သူက​တော့ ​ဖြေမဆည်နိုင်။

Hate You | SUNGJAKE ✔Where stories live. Discover now