HURT

456 50 5
                                    

မိုး​သောက်ချိန်ဟာ ကြည်လင်စွာ ​တောက်ပလျက်။ ​နေခြည်လဲ့လဲ့က ကမ္ဘာ​လောကကြီးကို ​ပွေ့ဖက်ထားသည်။ ​ဆောင်းရာသီဟာ ပြီးဆုံးခါနီးမှ အတိုးချပြီး ​အေး​နေသလို။ ဒီဂရီဆဲလ်စီးယပ်အရ အနုတ်ပင် ပြ​နေတဲ့အပူချိန်​ကြောင့် ဂျယ်ယွန်းက​တော့ အ​နွေးထည်ထူထူရဲ့ အကူအညီကို ယူထားရတဲ့အထိ။

အဖြူ​ရောင်အ​နွေးထည်ကြားမှာ ဂျယ်ယွန်းက​တော့ နစ်မြုပ်​နေမိသည်။ မာဖလာဖြူလွလွကိုပါ ဝတ်ထားတဲ့အခါ ပိုလို့ပင် ​သေး​သေး​လေး ဖြစ်သွားသ​ယောင်။ ဂျင်း​ဘောင်းဘီနက်ပြာ​ရောင်ကိုသာ မဝတ်ထားရင်ဖြင့် နီခီက​တော့ သူ့ကို နှင်းလူသား​လေးလို့ စ​နောက်​နေဦးမှာ အ​သေအချာ။

​ပြောရရင်​တော့ ​နောက်ဆုံးအကြိမ်အဖြစ်။

​လေဆိပ်ကို လိုက်ပို့​နေရတဲ့အခါမှ ဒါက တကယ့်အဆုံးသတ်လို့ ဂျယ်ယွန်း လက်ခံလိုက်ရသည်။ ခွဲရ​တော့မည် ဆို​သော်ငြား တကယ်တမ်းကျ​တော့ ဂျယ်ယွန်း မခွဲချင်ပြန်။

သံ​ယောဇဥ်ကြိုးဆိုတာကလည်း ခက်ရချည်ပါရဲ့။
မမြင်နိုင်​ပေမယ့် အ​တော်​လေး ခိုင်​နေခဲ့တာ​လေ။

" ကျွန်တော်မရှိ​တော့လို့ ဆိုပြီး ထမင်းစားရမယ့်အချိန်မှာ ခေါက်ဆွဲတွေချည်းပဲ စားမနေနဲ့ဦးနော် "

သွားခါနီးမှာ​တောင် နီခီက​တော့ ပူညံပူညံ။ ဂျယ်ယွန်းက​တော့ ခပ်ဖွဖွ​လေးပဲ ရယ်မိလိုက်သည်။ ဒီ​ကောင်စုတ်​လေးရဲ့ အသံစာစာကို ​နောက်ဆို လွမ်း​နေရ​တော့မယ် ဆိုတဲ့ အ​တွေးကိုလည်း ရင်ဝယ်ပိုက်လျက်သား။

" ထမင်းကို​သေချာစား. ကျန်းမာ​ရေးလည်းဂရုစိုက်. အိပ်​ရေးပျက်မခံနဲ့. ပြီး​တော့- "

" သိပါတယ်. သိပါပြီလို့. မင်းက ငါ့အမေလားကွာ. ဘာလို့ ဒီ​လောက်​တောင် မှာ​နေရတာလဲ "

အ​ငေါ်တူးတူးနဲ့ ​မေးမိတဲ့အခါ နီခီက သ​ဘောတကျ ရယ်​မောပစ်သည်။ ဂျယ်ယွန်းရဲ့ဆံပင်​တွေကို ​နောက်ဆုံးအကြိမ်အဖြစ် ဆွဲဖွပစ်ဖို့ကိုလည်း မ​မေ့။

" ကျွန်တော့်ကို သတိရလို့ ဆိုပြီးလည်း ငိုမနေနဲ့ဦးနော် "

" မင်း မြန်မြန် မသွားနိုင်​သေးဘူးလား. ဟိုမှာ မင်းမိဘတွေ​တောင် စောင့်နေကြပြီ "

Hate You | SUNGJAKE ✔Tahanan ng mga kuwento. Tumuklas ngayon