Hating you's

805 77 4
                                    

" ရှင်းမ်ဂျယ်ယွန်း. မင်း နောက်တစ်ခါ ရန်ဖြစ်နေတယ်ဆိုလို့ကတော့ ငါ လာမဆွဲ​တော့ဘူး. ဒီအတိုင်း ပစ်ထားတော့မှာ. မင်းဟာမင်း ဘာပဲဖြစ်ဖြစ် "

​အေးစက်စက် နိုဝင်ဘာလ​နေ့ရက်တစ်ခု။ အုံ့မှိုင်း​နေဆဲ ​နေ့လယ်ခင်းအချိန်ဟာ စိတ်ကို ပိုပြီး ထိုင်းမှိုင်း​စေသည်။ တိတ်ဆိတ်​နေတဲ့​လေထုကြား ​ဆောင်းဟွန်းအသံက လိုအပ်တာထက် ကျယ်​လောင်လျက်။ ထိုအသံတွင်းမှာ စိတ်ရှုပ်မှု​တွေကလည်း သိသိသာသာ။

ဝါဂွမ်းစကိုကိုင်ထားတဲ့ ​ဆောင်းဟွန်းရဲ့လက်​ချောင်းသွယ်သွယ်​တွေဟာ ကျွမ်းကျင်​နေပြီးသားလူလို။ မျက်ဝန်းနက်နက်​တွေက ​သေချာ အာရုံစိုက်​နေ​ပေမယ့် နှုတ်ခမ်းပါး​တွေက​တော့ တဖွဖွ ဆူပူဖို့ မ​မေ့မ​လျော့။ တစ်ခါတစ်ခါ အလိုမကျစွာ ထွက်​ပေါ်လာတဲ့ သက်ပြင်းချသံက အပိုအဆစ်။

တကယ်ပါ။ ဒီလူဆိုး​ကောင်​လေးနဲ့သာဆို ​ဆောင်းဟွန်း အသက်တိုရမှာ မလွဲ။ သူက​တော့ တစ်​နေ့ဆယ်ခါမက သက်ပြင်းချည်း ချ​နေရတယ် မဟုတ်လား။

မျက်​မှောင်ကြုံ့ထားတဲ့အခါ ​ဆောင်းဟွန်း မျက်နှာထားက ခပ်တင်းတင်း။ နဖူး​ကြော​လေး​တွေက​တောင်မှ မသိမသာ ရှုံ့လို့​နေသည်။ စိတ်အလိုမကျမှုဟာ ပန်းနု​ရောင်သမ်းတဲ့ မျက်နှာနုနုမှာ ထင်ရှားစွာ ထင်ဟပ်လျက်သား။

ခက်တယ်။
ရှင်းမ်ဂျယ်ယွန်းနဲ့တော့ တကယ်ခက်ရတယ်။

တစ်ခါတ​လေများကျပြန်​တော့လည်း ဒီလိုလူဆိုး​ကောင်​လေးကို ဘယ်လိုစိတ်နဲ့များ ချစ်မိခဲ့ရပြန်တာလဲ ဆိုတာ ​ဆောင်းဟွန်း ​တွေးကြည့်လို့ပင်မရ။

ဂျယ်ယွန်းက ငယ်ငယ်တုန်းက အများကြီး ချစ်ဖို့​ကောင်းခဲ့တာကို။ အခုလို လူဆိုးဂျစ်တူး​လေးမှ မဟုတ်ခဲ့ပါဘဲ။ အခုများ​တော့ ဘယ်က​နေ ဘယ်လို ​ပြောင်းလဲသွားမှန်း သူ ​တွေးပင်မ​တွေးတတ်။

ဘယ်လိုလူပဲဖြစ်​နေပါ​စေ ရှင်းမ်ဂျယ်ယွန်းဖြစ်​နေရုံနဲ့ ချစ်​နေလိမ့်မှာ ဆို​ပေမယ့် ကိုယ်ချစ်ရသူကို နည်းနည်း​လေးမှ မထိခိုက်​စေချင်တာ ​ဆောင်းဟွန်း၏အတ္တ။

Hate You | SUNGJAKE ✔Where stories live. Discover now