it doesn't

298 50 0
                                    

တ​ရွေ့​ရွေ့ ကုန်ဆုံးသွားတဲ့အချိန်​တွေနဲ့အတူ တ​ရွေ့​ရွေ့ စီးဆင်းသွားတဲ့ ​နေ့နဲ့ည။ ​နေဝင်လိုက်​နေထွက်လိုက်နဲ့ ထပ်တူညီ​နေတဲ့ဘဝမှာ ဂျယ်ယွန်းကလည်း ဘာမှ​ပြောင်းလဲသွားတာ မရှိခဲ့။

မနက်မိုး​သောက်ယံမှာ အိပ်ရာထသည်။
မနက်စာစားသည်။
​ဆောင်းဟွန်းဆီကို ဦးတည်သည်။
​ဆောင်းဟွန်းဆီက ​အေးစက်စက်လစ်လျူရှုမှု​တွေကို ခံယူသည်။
​နေ့တာရှည်​တွေ ကုန်လွန်တဲ့အခါ တစ်ကိုယ်တည်း အနားယူသည်။
ကြယ်​တွေကို​ငေးရင်း ​ဆောင်းဟွန်းကို တိတ်တိတ်​လေး လွမ်းရသည်။

သူ၏​နေ့စဥ်ဘဝဟာ ​ပြောင်းလဲမှုမရှိဘဲ ထိုအတိုင်း။

သို့​သော် ဂျယ်ယွန်းက​တော့ ဒါကို စိတ်မပျက်မိရ။ အပြစ်​ကြွေးဆပ်တယ် ဆိုတာထက် သူကိုယ်တိုင် လိုလိုလားလား ခံယူ​နေမိတဲ့ဒုက္ခ​တွေ​ပေမို့ ဂျယ်ယွန်းအတွက်​တော့ ဝဋ်​ကြွေးတစ်ခုပင် မဖြစ်ခဲ့။

အရိုးအက်တဲ့အထိ ထိခိုက်ခဲ့ရတဲ့​ဆောင်းဟွန်းက နာလန်ထနိုင်ဖို့ အချိန်ယူရဦးမည် ဆိုပဲ။ မိဘ​တွေရဲ့အဝေးမှာ​ပေမို့ ဂရုစိုက်​ပေးဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ​ဂျယ်ယွန်းက​တော့ ဆောင်းဟွန်းဆီ ​ခေါင်းမာစွာ ​ခြေဦးလှည့်​နေမိဆဲ။

သို့​သော် ဘယ်သူထင်ပါ့မလဲ။ ​ဆောင်းဟွန်းမိဘ​တွေက တကယ် ​ပြန်ရောက်လာခဲ့လိမ့်မယ် လို့​လေ။

အခု​တော့ဖြင့် ဂျယ်ယွန်းမှာ အိုးတိုးအမ်းတမ်း။

သူတို့၏အဖိုးတန်သား​လေးကို ဒီလိုဖြစ်​အောင် လုပ်ခဲ့ရပါသလား လို့ ပြဿနာရှာလိမ့်မယ် လို့ ထင်ခဲ့ဖူး​ပေမယ့် လက်​တွေ့မှာ​တော့ ထိုသို့ မဖြစ်ခဲ့။ အခုအချိန်မှာ​တောင်မှ ​ဆောင်းဟွန်းမိဘ​တွေက သူ့ကို အရင်အတိုင်း ကြင်ကြင်နာနာ ဆက်ဆံ​နေဆဲပါပဲတဲ့။

" ဂျယ်ယွန်းလေးလည်း ဒီတလော အ​တော်​လေး ပင်ပန်းထားခဲ့တယ်ထင်တယ်. မျက်နှာလေးတောင် ချောင်ကျသွားတာပဲ "

​ဆောင်းဟွန်းမိခင်၏စကားကို ဂျယ်ယွန်း မတုံ့ပြန်တတ်။ ​အေးစက်​နေတဲ့လက်ဖျား​တွေကိုသာ အချင်းချင်း ပွတ်တိုက်ကာ အ​နွေး​ပေး​နေမိသည်။ အခုမှ ​ခြေချခါစအခန်းထဲက​နေ အ​ကြောင်းပြချက်တစ်ခုခုနဲ့ ထွက်သွားလိုက်ရမလား။ ငယ်ကတည်းက သိကျွမ်းလာခဲ့သူ​တွေမို့ ဒီလိုရိုင်းပျဟန်လည်း မဖြစ်​စေချင်ပြန်။

Hate You | SUNGJAKE ✔Tahanan ng mga kuwento. Tumuklas ngayon