Zawgyi
ဒီနေ့ရက်လည်နေ့ဖြစ်တာကြောင့်၊တရားနာပြီး၊အိမ်နီးနားချင်းများကသတင်းလာမေးရှာပါသည်။ရင်ထဲမှာစို့နစ်နေတာသားလေးဆုံးတဲ့နေ့ထဲကပင်။တစ်ဦးတည်းသောသားလေးမို့ဒေါ်ခင်ရီမှာသိပ်ချစ်ရပါသည်။သားလေးကထင်သလောက်မဆိုးလှပါ၊ငယ်ငယ်ရွယ်ရွယ်လေးနဲ့လူလောကကြီးထဲကနေထွက်ခွာသွားရတဲ့သားဖြစ်သူ၏ဓာတ်ပုံလေးအားကြည့်ပြီးဒေါ်ခင်ရီရင်နာလို့မဆုံးလှပါ။
"ခင်ခင် ၊ ဘယ်လိုဖြစ်တာလဲရှင် ၊ ကျွန်မတို့မှာလေသတင်းကြားကြားပီးချင်းမယုံနိုင်လို့လူကိုယ်တိုင်လာမေးရတဲ့အထိပဲခင်ခင်ရယ်"
"ကားချင်းဝင်တိုက်မိရင်း ၊ အင့် သား..သားလေးက အင့်..ပွဲချင်းပီးသေဆုံးသွားတာပဲရှင်..ရွှတ်..အင့်"
"ဖြစ်မှဖြစ်ရလေခင်ခင်ရယ် ၊ ညို့သုခလေးကအလိမ္မာတုံးလေးပါတော်..ဒီလိုကလေးကိုယ်ကံတရားကြီးကလဲရက်စက်လိုက်တာရှင်...ဘာမှအားမငယ်ပါနဲ့နော် ၊ ကျွန်မတို့ခင်ခင်အနားမှာရှိတာမို့ ၊ အရမ်းကြီးလဲမငိုပါနဲ့နော်ခင်ခင်ရယ်"
"ဟုတ်..ဟုတ်ကဲ့ပါရှင် ဟင့် ရွှတ်"
****************
ဒူ ဒူ ဒူ ဒူ ဒူ ဒူဂျော်လီဟင်းချက်နေစဉ်ဖုန်းလာသည့်အသံကြားတာမို့ဟင်းအိုးကိုယ်ပိတ်ကာအရှေ့ဧည့်ခန်းအားအမြန်ပြေးလွှာစွာသွားလိုင်ပါသည်။
"ဪ...ဟိုကောင်တွေဘဲ"
"အေး ပြော ၊ ဘာကိစ္စလဲကွ"
"ဂျော်ဂျော်ကော်ဖီဆိုင်လေးလေအားလုံးအဆင်သင့်ဖြစ်နေပါပြီဗျ ၊ သေသေသပ်သပ်လှလှပပနဲ့ကျနော်တို့အလှဆင်ထားပါတယ်ဗျ ၊ အားတဲ့နေ့ကျလာကြည့်ဖို့ ၊ ဖုန်းဆက်ပြောတာပါခင်ဗျ"
"ဪ အေးအေး ၊ လာကြည့်မယ်လေအားတဲ့နေ့ကျမင်းတို့ဆရာကိုယ်ခေါ်ပီးတော့ ၊ တော်တယ်မင်းတို့"
"ဟုတ်ကဲ့ပါဗျ ဂျော်ဂျော်"
"အဲ့ဒါပြောဖို့မလား ၊ ပြောစရာမရှိရင်ငါ့ချလိုက်တော့မယ်"
"ဟုတ်ကဲ့ခင်ဗျ"
တီ
"အားးး!! ၊ မောင်ရေ..မောင် ဒီ..ဒီမှာ ဘာရေတွေလဲမသိဖူး ဗိုက်..ဗိုက်ထဲကနေထွက်ကျလာတာ..မောင့်ရေ!!"
![](https://img.wattpad.com/cover/356034759-288-k132727.jpg)
YOU ARE READING
Actionမင်းမောင် + ဂျော်လီ [Season - 1]