Chapter 10

49 7 0
                                    

Yedam တစ်ယောက် သရဲကားရုံတင်ထားလို့သွားကြည့်ဖို့ရုပ်ရှင်ရုံတွင်လက်မှတ်ဖြတ်နေတယ်။ တခြားညီအကိုတွေကသရဲကြောက်တာနှစ်ယောက်မရှိလောက်အောင်ကြောက်ကြတာသူကြောက်တာထက်တောင်ဆိုးသေး ။ မကြောက်တဲ့ kyu hyung ကြတော့အိပ်ယာထဲကကိုမထတာ ။ သူလည်းအဲ့တာကြောင့်သူတစ်ယောက်တည်းကြည့်ဖို့ဆုံးဖြတ်လိုက်တယ် ။ လက်မှတ်ဝယ်ပြီးပေါက်ပေါက်ဝယ်ဖို့ထွက်လာတယ် ။

Yedam : " ကျွန်တော့်ကိုပေါက်ပေါက် တစ်ဗူး ပေးပါ "

Asahi : " ကျွန်တော့်ကိုပေါက်ပေါက် တစ်ဗူး ပေးပါ "

Yedam နဲ့အတူပြိုင်တူပြောလိုက်တဲ့ asahi ။

Asahi : " ဟမ်! မင်း "

Asahi ကတော့ အံ့ဩသွားတယ် ။ ပြီးတော့တပြိုင်နဲ့တွေးမိသွားတယ် ။ ရှေ့ကသူညီအကိုတွေကလည်းသူတို့ညီအကိုတွေနဲ့ဆုံခဲ့တယ်မဟုတ်လား ။ ခုသူလည်းတွေ့ပြန်ပြီ ။

Yedam : " ခင်ဗျားကဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ "

Asahi တော့စိတ်ထဲကနေ " မေးစရာမရှိရှာကြံမေးတယ်ဆိုတာဒါမျိုးဖြစ်ရမယ်ရုပ်ရှင်ရုံမှာတွေ့တဲ့ဟာကိုဘာလာလုပ်တာလဲတဲ့ " ‌လို့တွေးလိုက်တယ် ။

Asahi : " ဘောလုံးလာကန်တာ "

Asahi ‌ပြောပြီးတာနဲ့ မုန့်ရောင်းနေတဲ့အမဘက်ကိုလှည့်ပြီး

Asahi : " အမကျွန်တော့်ကိုဘောလုံးသွားကန်တဲ့အချိန်အဆာပြေစားဖို့ ပေါက်ပေါက်တစ်ဗူးနဲ့ကိုလာတစ်ဗူးပေးပါ "

မုန့်ရောင်းနေတဲ့အမကလည်းကြောင်ကြောင်အအနဲ့ သူ့ကို ပေါက်ပေါက်နဲ့ကိုလာဗူးထုတ်ပေးတယ် ။ သူလည်းပိုက်ဆံရှင်းပြီးထွက်လာလိုက်တယ် ။

Yedam ကတော့သူ့ကိုရွဲ့ပြောပြီးထွက်သွားတဲ့သူကိုထွက်သွားသည်ထိနောက်ကနေကြည့်နေမိတယ် ။ ခနအကြာသတိဝင်ပြီး

Yedam : " အမကျွန်တော့်ကို.. "

ပြောလို့တောင်မဆုံးသေး

Shopkeeper : " မောင်လေးကောဘောလုံးကန်ဖို့ပေါက်ပေါက်နဲ့ကိုလာလား "

Yedam : " မဟုတ်ဘူး ဂေါက်ရိုက်သွားဖို့ ပေါက်ပေါက်နဲ့ရေသန့်တစ်ဗူးပေးပါ "

Love Home { ချစ်စံအိမ် }Where stories live. Discover now