Chapter 11

51 6 0
                                    

Asahi တို့လည်း သူတို့အကိုတွေကိုအိမ်သာခေါ်လာပြီးရှင်းပြရတယ် ။

Yoshi : " ငါပြောပါတယ် ဒီငပေါကဘာမှကိုနားလည်တာမဟုတ်ဘူး "

Asahi ရှင်းပြပြီးအဆုံး Yoshi က mashiho ကိုလက်ညိုးထိုးကာထပြောတယ် ။

Mashiho : " ဘာကိုငပေါလည်း ကျွန်တော့်နေရာမှာ hyung ဆိုလည်းကျွန်တော့်လိုပဲတွေးမှာပဲ သူတို့ကရုပ်ရှင်တူတူကြည့်တယ်လို့ဖြေချလာတာကို "

Yoshi ပြောတာကို mashiho ကမကျေနပ်သလိုမျက်နှာလုပ်ကာပြန်ပြောတယ် ။

Hyunsuk : " ရုပ်ရှင်တူတူကြည့်တယ်ဆိုတာနဲ့ date တယ်ဖြစ်ရောလား "

Mashiho : " အာ hyung ကလည်းကျွန်တော်လည်းရုတ်တရက်ဆိုတော့တွေးမိရာတွေလျှောက်တွေးမိလို့ပါ ပြီးတော့ကျွန်တော်တစ်ယောက်တည်းထင်တာမဟုတ်ဘူး အပေါ်ထပ်ကညီအကိုတွေထဲကတစ်ယောက်လည်းပါတယ် "

Jeongwoo : " သူပါတာကသူတို့ညီအကိုတွေလည်းအပေါ်ထပ်မှာရှင်းနေလောက်ပြီအဲ့တာကသူတို့ကိစ္စကျွန်တော်တို့နဲ့မဆိုင်ဘူးလေ hyung "

Haruto : " ဟုတ်တယ် ကျွန်တော်တို့နဲ့ဆိုင်တာက hyung အဲ့တော့ပြော "

Mashiho : " ငါကဘာကိုပြောရမှာလဲတစ်ကယ်တည်း တစ်ခါတည်းမှားပြောမိပါတယ်ပြောဆိုလို့ကိုမပြီးတော့ဘူး ကိုယ့်အခန်းကိုပြန်တော့မယ် "

ဆိုကာခြေဆောင့်ပြီးဧည့်ခန်းကထွက်သွားတဲ့ mashiho ။

Asahi  :  " mashi hyung ကကျွန်တော်တို့ထက်ကြီးပေလို့ငယ်များငယ်လို့ကတော့ "

Hyunsuk :  " ကဲပါ sahi လည်းကိုယ့် hyung ကိုပြောမနေနဲ့ "

Haruto : " အဲ့တာထက်အပေါ်ထပ်ကညီအကိုတွေလည်းဒီကိစ္စရှင်း‌နေကြတာပဲဖြစ်ရမယ် sahi hyung အကြောင်းလည်းပါလောက်တယ် ကျွန်တော်သွားချောင်းနားထောင်လိုက်ရမလား "

Yoshi : " တော်စမ်းပါ.. မင်းအကြောင်းမသိရင်ခက်မယ် သွားချောင်းနားထောင်မှာကနည်းနည်း မင်းဟာလေးမျက်နှာတစ်ဆိမ့်ဆိမ့်ချောင်းကြည့်မှာကများများ "

Haruto : " ဟီးးဟီးး သိရင်လည်းပြီးရော hyung ရယ် အဲ့ဆိုသွားချောင်းလိုက်အုန်းမယ် "

Asahi : " ဘယ်ကိုချောင်းမှာလဲတော်တော့ငါနဲ့ဂိမ်းသွားဆော့ရအောင် jeongwoo မင်းလည်းဆော့မယ်မလား "

Jeongwoo : " ဆော့မယ် hyung ကဲ haruto မင်းမဆော့ဘူးလား "

Haruto : " မင်းတို့ကလည်း "

မကျေမနပ်ရည်ရွတ်နေတဲ့ haruto ကို

Asahi : " ဘာမင်းတို့ကလည်းလဲ လာမှသာလာစမ်းပါ "

အဲ့လိုနဲ့ haruto ၊ asahi ၊ jeongwoo တို့လည်း ဧည့်ခန်းကထွက်သွားတော့တယ် ။ hyunsuk နဲ့ Yoshi ကတော့စကားပြောရင်းကျန်ခဲ့တယ် ။

************************************

3 . 3 2024 ( Sunday)

Love you all readers 💙

Thanks For Reading 💎

#Lia#

Love Home { ချစ်စံအိမ် }Where stories live. Discover now