part.(2)🖤🤍

1.2K 83 12
                                    

Phuwin တစ်ယောက်သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ bounpremတို့အတွဲနဲ့ ထိုင်းကနာမယ်အကြီးဆုံးဖြစ်တဲ့ Car show room ကိုသွားတာပေါ့။ဟိုရောက်တော့ ကားတွေကိုပတ်ကြည့်နေလေရဲ့။

"အချစ်ကလေး ကြိုက်တဲ့ကားမတွေ့သေးဘူးလား"

"အွန်း ကားတွေကအကုန်လုံးအမိုက်စားတွေပဲဆိုတော့ဘယ်ဟာကိုရွေးရမလဲမသိဘူးဖြစ်နေတာ"

"အချစ်ကလေးအကြိုက်ဆုံးကားကိုရွေးလိုက်လေ"

"ဟုတ်သားပဲ premရယ် မင်းရွေးနေတာကြာလှပြီ အခုထိကိုမပြီးသေးဘူး"

"မင်းကိုအစောကြီးကထဲကပြောပြီးမှခေါ်လာတာနော် Phuwin......"

"အေးပါဟုတ်ပါတယ် ဒါပေမယ့်မြန်"တော့ရွေးလေကွာ ငါကုမ္မဏီကိုလဲပြန်ရဦးမှာ ကုမ္မဏိီမှာငါ့အမတစ်ယောက်ထဲ"

"မင်းအမကိုလူမဆွဲပါဘူးကွာ"

"သိတယ် ဒါပေမယ့်ကုမ္မဏီကအလုပ်တွေကအများကြီးပဲလေမင်းလဲသိသားနဲ့"

"အဲ့တာများ ဘာလို့ငါတို့နဲ့လိုက်လာသေးလဲ"

"ငါလဲကားလေးတွေကြည့်ချင်လို့လေကွာ"

"အဲ့တာဆိုလဲ စကားမပြောပဲအေးဆေးနေပါလား.ငါဒီမှာရွေးနေတာအာရုံနောက်လို့"

"ဟုတ်တယ်..Phuwin....မင်းခဏလေးအေးဆေးနေပြီး အပြင်မှာချိုချဉ်သွားစားနေပါလား ငါ့အချစ်ကလေးရွေးနေတာအာရုံနောက်တယ်တဲ့သွား..."

"အေးပါကွာ....."

Phuwin တစ်ယောက်လဲအပြင်ကိုထွက်ပြီး ထိုင်ခုံပေါ်လေးကိုထိုင် သူ့အိတ်ထဲကချိုချဉ်လေးကိုထုပ်ပြီးစုပ်နေလေသည်။

"အေးအေး....ဟုတ်ပါပြီ...ညကျငါ့အကိုရဲ့ဘားမှာဆုံကြတာပေါ့..အေးဒါပဲနော်"

‌စီးကရက်ကိုပါးစပ်ကဖွာရင်းဖုန်းပြောနေတဲ့pondဖုန်းချလိုက်တော့လဲ စီးကရက်ကိုလက်ကမချ အငွေ့တွေကphuwinဘက်ကိုသွားနေတော့

"အဟွတ်...အဟွတ်....ဟွတ် ဒီမှာ..!!ဒီမှာ..!!!"

"ဘာပြောချင်လို့လဲ"

"အဲ့စီးကရက်အငွေ့တွေက ဒိီဘက်ကိုလာနေတယ်"

"အဲ့တော့..."

Strawberries And Cigarettes Where stories live. Discover now