part.(5)🖤🤍

1.1K 99 13
                                    

Pingတစ်ယောက်ကနေရင်း အန်ချင်သလိုဖြစ်လာတာကြောင့် ကနေတဲ့နေရာကနေဘားနောက်ကိုပြေးသွားရတော့သည်။ fourth တစ်ယောက်ကတော့အဲ့နားမှာပဲကနေတာပေါ့။

"ping ping.....ဒီကလေးနဲ့တော့ Nanon မင်း fourth ကိုကြည့်ထားနော်ငါ ping ping နောက်လိုက်သွားရဦးမယ်"

"အင်းအင်း"

dunkလဲpingနောက်ကိုလိုက်ရတော့သည်။dunkလိုက်သာလိုက်ရတာသူလဲသောက်ထားတော့လူကယိုင်တိုင်"နဲ့ပေါ့။pingကတော့သူ့မျက်စိရှေ့လေးတင်ပျောက်သွားသည်။

"Sorry Sorry ပါ"

"ရပါတယ်"

dunkလူတစ်ယောက်ကိုဝင်တိုက်မိသွားသည်။အဲ့လိုနဲ့dunkလဲ Toilet ထဲဝင်ရှာသော်လဲမတွေ့ ပြန်ထွက်မယ်လုပ်တော့လဲ လူတစ်ယောက်ကိုဝင်တိုက်မိပြန်ရော

"Sorry ပါဗျ"

"ကြည့်ရတာအတော်မူးနေတဲ့ပုံပဲ ရရဲ့လား"

"ရပါတယ်"

"မရရင်ကူတွဲပေးမယ်လေ"

"ရပါတယ်ဗျ"

"လာပါ အားမနာပါနဲ့"

"ခင်များကိုရတယ်လို့ပြောနေတယ်လေ လွှတ်"

"လာပါ..."

"လွှတ်လို့.!!!!!!"

dunkတစ်ယောက်သူ့ကိုပွတ်သီးပွတ်ကပ်လုပ်နေတော့သူမကြိုက်ပါ။

"အဟမ်း..ဟမ်း.."

အဲ့ချိန် joongဝင်လာတော့အဲ့လူလဲ အပြင်ကိုပြေးထွက်သွားသည်။

"Nong အဆင်ပြေရဲ့လား"

"ဟုတ်"

"လာ P' ကူတွဲပြီးအရှေ့ကိုပို့ပေးမယ်"

"ကျေးဇူးပါဗျ"

Joong dunkလက်ကိုဆွဲပြီးထူတဲ့အချိန် နှစ်ယောက်သားဟန်ချက်မထိန်းနိုင်တော့ dunkကနံရံမှာကပ်သွားပြီး joongကတော့သူ့ရဲ့ရှေ့မှာပေါ့။မျက်နှာချင်းကတော့အတော်လေးကိုနီးကပ်လျက်။တစ်ယောက်ရဲ့နှုတ်ခမ်းနဲ့တစ်ယောက်နှုတ်ခမ်းချင်းကလဲကပ်မိတော့ဆဲဆဲ။ရီဝေဝေမျက်လုံးနှစ်ဆုံဟာဆိုရင် ဆုံလျက်

"P'joong...!!! ဟိုရီးSorryပါ"

Pondတစ်ယောက် သူ့အကိုကိုလိုက်ရှာရင်းToiletထဲဝင်လာသည်။ဝင်လာတော့မြင်လိုက်ရတဲ့ဟာကြောင့် pondပြန်ပြီးအပြင်ထွက်သွားသည်။

Strawberries And Cigarettes Where stories live. Discover now