Pingတစ်ယောက်သူ့နှုတ်ခမ်းသူကိုင်ပြီးထွက်လာတော့
"ping ping....နှုတ်ခမ်းကဘာဖြစ်လာတာလဲ.."
Pingရဲ့နှုတ်ခမ်းကိုNichaနမ်းနေရင်းနဲ့သေး"လေးကိုက်လိုက်တာကြောင့်အနာလေးဖြစ်နေတာPhuwinကမြင်တော့မြင်လိုက်ခြင်းဖြစ်သည်။
"ဘာ...ဘာမှမဖြစ်ပါဘူး..P' ရယ်အိမ်သာထဲကအိမ်မြှောင်ကနှုတ်ခမ်းကိုက်သွားလို့....."
"ပေါက်"ရှာ" အိမ်မြှောင်ကနှုတ်ခမ်းကိုက်ရတယ်လို့ အခုမှကြားဖူးတယ်"
"ဟားဟား....ဟုတ်ပါ့ P'ရယ် ဟားဟား"
"Fourth နော်မရယ်နဲ့!!......."
Fourth ကတော့pingပြောတဲ့စကားကြောင့်ရယ်နေတာ မျက်လုံးပေါက်တောင်မမြင်ရတော့တဲ့အထိပေါ့။phuwinကတော့ Nichaကလဲအိမ်သာကရှေ့ဆင့်နောက်ဆင့်ထွက်လာတာကိုကြည့်ပြီး တစ်ခုခုတော့တစ်ခုခုပဲဟုတွေးမိလေသည်။
"P'...စားပြီးပြီ သွားကြတော့မလား.."
"အမယ် သူများအိမ်မှာစားပြီး ပန်းကန်တောင်ဆေးမပေးတာဘာအကျင့်လဲ ဟိုနှစ်ကောင်"
"ရပါတယ် Phuwin ရယ်.."
"မရနဲ့P'မဟုတ်ရင် ဒီနှစ်ကောင်ကအကျင့်ပျက်တယ် သွားပန်းကန်ကူဆေးပေးခဲ့ကြနှစ်ကောင် ဒါကအိမ်မှာမဟုတ်ဘူးနော်"
"ဟုတ်ကဲ့ပါ P'...."
dunkနဲ့Nanonနှစ်ယောက်သူ့အကိုကြောင့်ပန်းကန်သွားကူဆေးပေးရတော့သည်။
"P'Meen....ကျွန်တော်တို့လဲပန်းကန်ကူဆေးပေးလိုက်ဦးမယ်နော်"
"အေးအေး သေချာဆေးပေးခဲ့နော်.."
"ဟုတ်ကဲ့.."
joongနဲ့Ohmကတော့Nanonတို့နှစ်ယောက်နဲ့အတူတူရှိချင်လို့ ပန်းကန်သွားဆေးကြတော့သည်။
"P' phuwin......"
"ဘာလဲ Fourth Fourth...."
"ကျွန်တော်အပြင်ထွက်ပြီးစောင့်နေမယ်လေနော်..."
"ဘယ်ထပ်လစ်ပြေးဖို့စဉ်းစားနေတာလဲ Fourth Fourth....."
"ဘယ်မှမလစ်ပြေးပါဘူး Fourth ဒီထဲကပူလို့ အပြင်ထွက်ချင်လို့.."
"ဒီလောက်အေးနေတဲ့ရာသီဥတုကြီးမှာလေ..."
"P'ရယ် ထွက်ခိုင်းလိုက်ပါ မဟုတ်ရင် သူကမထွက်ရမချင်း နားကိုမီးပူတိုက်နေမှာ..."
![](https://img.wattpad.com/cover/326417736-288-k470624.jpg)
YOU ARE READING
Strawberries And Cigarettes
Romanceစတော်ဘယ်ရီချိုချဉ်လေးတွေစားတက်သူလေးတွေနဲ့စီးကရက်သောက်တက်သူတွေဟာလုံးဝကိုတခြားစီပါဒါပေမယ့်အဲ့နှစ်ခုကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့အရမ်းကိုချိုမြိန်သွားတယ်ဆိုတာရောသိကြလား....... #Englot#Freenbecky#Meenping #joongdunk#Ohmnanon# pondphuwin#Geminifourth