မိုးတိမ်တွေ အုံ့ဆိုင်းနေသော ညနေခင်းအချိန်....
အခန်းရဲ့ပြတင်း ပေါက်နားမှာတည်ရှိတဲ့ ကိုယ်ပိုင်စာအုပ်စဉ်ကနေ စာအုပ်တအုပ်ဆွဲယူလိုက်ပြီး ဖတ်ဖို့ပြင်နေချိန်တွင် ရုတ်တရက်ထမြည်လာသော ဖုန်းသံ ။ နေရာမှ ထလိုက်ပြီး ဖုန်းရှိရာ ခုတင်ပေါ်သို့ ဦးတည်မိသည် ။ ထိုအချိန် ဖုန်း screen ပေါ်တွင် ပေါ်နေသည့် ရင်းနှီးသော နာမ်စားလေး တခု " ဘောမ်ငယ် ෆ "
"ဟယ်လို"
"ဟယ်လို ဟျောင်း အလုပ်များနေလား"
ဘောမ်ငယ်ရဲ့အသံဟာ ခါတိုင်းနဲ့မတူ ။ တက်"ကြွ"ရှိမနေတာမို့ ကိုယ်စိတ်ပူမိသွားသည် ။
"ချွဲဘောမ် အသံမကောင်းပါ့လား အဆင်ပြေရဲ့လား နောက်ပြီး ဒီနေ့က Sunday လေ ကိုယ့်နားရက်"
"ဒါဆို ကျွန်တော့်ဆီလာခဲ့ပေးပါ့လား ကျွန်တော် ဟျောင်းတို့ လမ်းထိပ်က Bus Stop မှာ"
"အင်း ကိုယ်လာပြီ ခဏစောင့်ပေး"
ဖုန်းချလိုက်ပြီး အနွေးထည်ပါးပါးတထည်၀တ်ကာ အိမ်မှထွက်ဟန်ပြင်နေချိန် အုံ့ဆိုင်းနေသော တိမ်မဲများမှ မိုးအဖြစ် သည်းထန်စွာ ရွာချတော့သည် ။
ဧည့်ခန်းပေါက်၀က ထီးတလက် ယူ၍ ချွဲဘောမ်ရှိရာသို့ အမြန်ပြေးထွက်လာခဲ့တော့သည် ။ မိုးများသည် ဘယ်အငြှိုးကြောင့်ရယ်မသိ ရွာသထက်ရွာလာ၍ ကိုယ်လဲ ပြေးသထက် ပြေးရတော့သည် ။
လမ်းထိပ်သို့ရောက်သည့်အခါ ကိုယ့် တကိုယ်လုံးစိုရွဲနေပြီဖြစ်သည် ထီးတလက်သည် ဤသည်းထန်နေသောမိုးစက်များကို အဘယ်သို့ ကာကွယ်နိုင်မည်နိုင်ကား ။ သို့သော် ကိုယ့်ကိုကို ဂရုမစိုက်နိုင် ကိုယ့်ကလေးငယ် မိုးမမိဖို့သာ အရေးကြီးသည် ကလေးငယ်က မိုးစက်မိုးပေါက်တွေကို သဘောကျတတ်သူဖြစ်တာကြောင့် မိုးရေထဲ ထွက်ဆော့နေမှာ စိုးရိမ်မိသည် နောက်ပြီး ကျန်းမာရေးလဲချူချာတတ်သူမို့ တခုခုဆိုတာနဲ့ နေမကောင်းဖြစ်မှာကအရင်ဖြစ်သည် လမ်းထိပ်ရောက်ရောက်ချင်း အရင်ဆုံးလိုက်ရှာမိသည်မှာ ကိုယ့်ကလေးငယ် ။
Bus Stop ထိုင်ခုံတန်းပေါ်မှာ ငုတ်တုတ်လေး ထိုင်နေသော ချွဲဘောမ်ကိုတွေ့လိုက်ရသည် ။ ချက်ချင်းဆိုသလို ကလေးငယ်ရှိရာကို ပြေးသွားပြီး " ဘောမ် အဆင်ပြေရဲ့လား တော်သေးတာပေါ့ ဘယ်မှထွက်မဆော့ပဲ ငြိမ်"လေးထိုင်နေလို့ "
သို့သော် ကလေးငယ်က ခေါင်းလေး အောက်စိုက်နေပြီး ဘာမှပြန်မဖြေ ။
YOU ARE READING
လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.
Romanceကျွန်တော်ရပ်နေခဲ့တယ် ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင် ဟျောင်းနဲ့ပြန်ဆုံနိုင်လိမ့်ဦးမယ်အထင်နဲ့... လူတွေညာတယ် ကမ္ဘာဟာ တကယ်မှမလည်ပဲ ဘယ်မှာပြန်ဆုံကြလို့လဲ... ။