သူမဟာ စားပွဲပေါ်ကဓားနဲ့ထိုးဖို့ကြံရွယ်လိုက်တယ် ။
ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ဘောမ်ဂယူဟာ အံ့အားသင့်ပြီး မသိလိုက်ခင်မှာတင် ခြေလှမ်းများကိုနောက်ဆုတ်၍ ကုတင်ပေါ်သို့ ထိုင်ရက်ကျမိသွားတယ်လေ ။
"ဪ သိပ်ကိုသနားစရာကောင်းလှတဲ့ကလေးငယ် ခုတော့ ဒီ၀ဋ်တွေကို မင်းခံပေဦးပေါ့ကွယ်"
ထိုအခါမှာ သူ...သူရောက်လာခဲ့တယ်
ဟုတ်တယ်သူပဲ....ချွဲ ယောန် ယူ
အဘွားထိုးဖို့ကြံရွယ်နေတဲ့ ဓားကို ဆွဲယူလိုက်ပြီး"အဘွား ဒါဘာလုပ်တာလဲ"
"ယောန်ယူ မင်းအသာနေစမ်းပါ"
"ဒါဟာပြစ်မှုမြောက်တယ်ဆိုတာ အဘွားသိရဲ့လား အဘွားဘာတွေလုပ်နေတာလဲ"
"ငါဘာလုပ်နေတယ်ဆိုတာ မင်းသိစရာမလိုပါဘူးယောန်ယူ ငါလုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာမလို့ပဲ !"
"ချွဲဘောမ်ဂယူ့အမေနဲ့ အတိတ်မှာဘာပြဿနာတွေရှိခဲ့လို့ ဒီလောက်တောင် ရက်စက်ဖို့အတွေးတွေရှိနေခဲ့ရတာလဲ"
အလန့်တကြားဖြစ်သွားတဲ့ဘောမ်ဂယူ မျက်ရည်စများကိုသုတ်ရင်း"ချွဲရှင်းအယ်"
"မဟုတ်ဘူး သိပ်ကိုကြောက်ဖို့ကောင်းလွန်းတဲ့မိန်းမ ။ ဒီမိန်းမကြောင့် ငါ့ရဲ့အရာရာဖြစ်တဲ့ သိပ်ကိုချစ်ရတဲ့ သမီးလေးနဲ့ မြေးလေး ဆုံးပါးခဲ့ရတာ "
အမေတခုသမီးတခုဘ၀မို့ သမီးလေးအိမ်ထောင်ကျတော့ အရာရာအဆင်ပြေပြီသတ်မှတ်ခဲ့ပေမယ့် သိပ်မကြာလိုက်ပါဘူး သမက်ဟာလဲအက်ဆီးဒင့်ကြောင့်ဆုံးပါးသွားခဲ့ပြီး သမီးဟာ ကိုယ်၀န်နဲ့ကျန်ခဲ့လေတယ်လေ။
FlashBack
"ချွဲရှင်းအယ်"
ဒီအမျိုးသမီးဟာ ကျေးလက်ရွာလေးတရွာက ဆရာ၀န်မလေးပေါ့ ။ ခေါင်းအစ ခြေအဆုံးအပြစ်ပြောစရာမရှိလှအောင် ပြီးပြည့်စုံပြီး လှပတင့်တယ်တဲ့ဆရာ၀န်မျိုး ။ စိတ်ထားကောင်းတယ် ။ သဘောထားလဲပြည့်၀ပြီး ဖြူစင်တဲ့သူမျိုး သို့ပေမယ့် ကလေးလေးတွေကို သိပ်ချစ်တတ်တဲ့ သူမမှာ ရှိတဲ့ တခုတည်းသော ချို့ယွင်းချက်ဟာ ကလေးမရနိုင်ခြင်းပဲတဲ့လေ ။
YOU ARE READING
လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.
Romanceကျွန်တော်ရပ်နေခဲ့တယ် ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင် ဟျောင်းနဲ့ပြန်ဆုံနိုင်လိမ့်ဦးမယ်အထင်နဲ့... လူတွေညာတယ် ကမ္ဘာဟာ တကယ်မှမလည်ပဲ ဘယ်မှာပြန်ဆုံကြလို့လဲ... ။