The one that got away

82 15 4
                                    

"ဟူး နောက်ဆုံးတော့ရောက်ပြီ မောလိုက်တာ"
ရွာထဲ အိမ်သို့ပြန်ရောက်"ချင်း ချွဲဘောမ်တယောက် သက်ပြင်းချကာ ငြီးငြူလိုက်မိသည်။

"နောက်က ဧည့်သည်ခင်ဗျ အိမ်သို့ရောက်ရှိကြောင်းပါခင်ဗျာ ဆင်းတော်မူပါဗျ"ဟူ၍ အရွဲ့တိုက်ပြီး ပြောလိုက်မိသည်။

"ဘယ်လောက်ကျလဲခင်ဗျ"

"ပင်ပင်ပမ်းပမ်း နင်းလာရတာဆိုတော့ တစ်သိန်းလောက်ပဲယူလိုက်ပါ့မယ် ဒါအများကြီးလျှော့ပေးထားနော်"

"ဗျာ တစ်သိန်းတောင်လား ! ဘယ်လိုလုပ်ရမလဲ ကျွန်တော့်မှာ အဲ့လောက်မပါဘူးဗျ အော်နေဦး တခုတော့ပါတယ်"

နောက်ဆုံးတော့ ဟျောင်းဆီက ဘယ်လောက်များရမလဲဆိုပြီး သေချာ အာရုံစိုက်ကြည့်မိနေမိသည်။

"ရော့" ဆိုကာ ၀တ်ထားတဲ့ အကျီလက်ရှည်ပါးလေးကိုကိုင်ပြီး လက်နှစ်ဖက်ကိုဆန့်ထုတ်ကာ ရင်ဘတ်ကို ကော့ပေးလေသည်။

"ဒီဟျောင်း ရူးကြောင်ကြောင်နဲ့ ဘာလုပ်ပြန်တာလဲ အဲ့တာ ဘာပြောချင်တာလဲ"

"ကိုယ့်နှလုံးသား..... ကိုယ့်နှလုံးသားလေးကိုသာ အပိုင်ယူလိုက်လို့ !"

"ဟျောင်းနှလုံးသားကို ယူပြီးကျွန်တော်က ဘာလုပ်ရမှာလဲ အဓိပ္ပါယ်မရှိတာတွေ လာပြောနေတယ်"

စချင်နောက်ချင်ဇောနဲ့ အရွဲ့တိုက်ကာ ပြောလိုက်သော်လည်း ဟိုလူကြီးမှာ စိတ်ကောက်သွားပုံရသည်။ ဘာမှပြန်မပြောပဲ နှုတ်ခမ်းလေးဆူပြီးသာ အခန်းထဲသို့ပြေး၀င်သွားလေသည်။

"အာ အခုက ငါချော့ရမယ့်အလှည့်လား ! ဟျောင်း ဟျောင်း ကျွန်တော်က စတာလို့" တစ်ဖွဖွဆိုကာ ဟျောင်းနောက်သို့ပြေးလိုက်ခဲ့သည်။

ထိုအချိန်တွင် ဤအချစ်ငှက်နှစ်ကောင်ကို စောင့်ကြည့်နေခဲ့သော လူတစ်ဦးကိုမူ သတိမထားမိခဲ့ပေ။

__________ X ___________

"အာဘွား အခါ တစ်ရာ"
စိတ်ဆိုးပြေဖို့ရန်အတွက် တောင်းဆိုလိုက်သည့် တောင်းဆိုမှုတခု ။

"အာဘွား ×100"

"ကဲခုရပြီနော် စိတ်ဆိုးပြေပြီမလား"

လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.Where stories live. Discover now