" ဒီမှာ မင်းပြင်ဆင်ပြီးရင်လဲ အပြင်သာလိုက်ခဲ့တော့ ကိုယ်ကားပေါ်ကပဲစောင့်နေတော့မယ် "
စိတ်မရှည်သောလေသံဖြင့် ပြော၍ တံခါးကို ဒုန်းခနဲပိတ်သွားသော ထိုလူ ။ ဘယ်နှယ့်လူမို့ ဒီလောက် ရိုင်းစိုင်းကြမ်းတန်းနေမှန်းကို မသိတော့ပါဘူးဟု ဘောမ်ဂယူ ရေရွတ်လိုက်မိသည်။မိနစ်အနည်းငယ်ကြာပြီးနောက် ပြင်ဆင်ပြီး၍ အဘွားကိုကျေးဇူးတင်နှုတ်ဆက်စကားပြောကာ ကားပေါ်သို့တက်ခဲ့လေသည်။
မနေ့ညက ကောင်း"အိပ်မပျော်ခဲ့သောကြောင့် ကားစထွက်၍ မကြာခင်မှာတောင် အိပ်ပျော်သွားမိလေသည်။
နိုးလာသောအခါ ဘေးဘီကို ကြည့်သော်လည်း ဒီသစ်တောကြီးထဲကမထွက်သေးပေ ။
"ကားမောင်းနေတာ တစ်နာရီနီးပါးတောင်ရှိနေပြီ ခုထိမရောက်နိုင်သေးဘူးလား"
စိတ်မရှည်တဲ့အဆုံး ကားမောင်းနေသောသူကို မေးမိသည်။ထိုအခါမှ ချွဲယောန်ယူဆိုသော လူ့ထံမှ စကားစလာသည်။ " မင်းဘာမင်း အိပ်မှာသာအိပ်စမ်းပါ ရောက်ချိန်တန်ရင် ရောက်လိမ့်မယ်ပေါ့ ဘာတွေလောနေတာလဲ "
"ဒီမှာ မလောလို့ရမလား ကျွန်တော့်မှာလုပ်စရာတွေအများကြီးရှိသေးတယ် အချိန်တွေ အားယားနေတာမဟုတ်ဘူးဆိုတာ ခင်ဗျားသိလား"
စကားဆုံးကာရှိသေး ရုတ်တရက်ထရပ်သွားသော ကား ။
"အာ အလိုလိုမှ ဘေးကကောင်ကြောင့် နားပူနေရပါတယ်ဆို ဒီကားကဘာဖြစ်ရပြန်တာလဲ"
ထိုလူမှ ငြီးငြူ၍ ကားအပြင်ဘက်သို့ထွက်ကာ ကားကိုစစ်ဆေးလေသည်။အချိန်အတော်အတန်ကြာပြီးမှ ဆက်၍မစောင့်နိုင်ကာ ထမေးလိုက်သည်။
"ဒီနေ့ ခင်ဗျားကားက ပြင်ပြီးဦးမှာလား ဒီတိုင်း ဘယ်လမ်းကသွားရမလဲသာပြော ကိုယ့်ဘာသာကို သွားတာမှ ပိုမြန်နေဦးမယ်""ငါလဲပြင်တတ်သလောက်တော့ ပြင်နေတာပဲလေ မမြင်ဘူးလား မင်းပါးစပ်ပေါက်လေးကို ပိတ်ထားပြီး တိတ်တိတ်နေစမ်းပါ"
"ခင်ဗျားသာ ကျွန်တော်မေးတာဖြေစမ်းပါ ဘယ်လမ်းက ဆက်သွားရမလဲသာပြော ကိုယ့်ဘာသာပြန်မယ်"
"ဒီမှာ ငါရှင်းရှင်းပဲပြောမယ် ငါမပါဘဲ မင်းဘာသာမင်း ဒီတောအုပ်ထဲထွက်သွားလို့မရဘူး"
YOU ARE READING
လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.
Romanceကျွန်တော်ရပ်နေခဲ့တယ် ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင် ဟျောင်းနဲ့ပြန်ဆုံနိုင်လိမ့်ဦးမယ်အထင်နဲ့... လူတွေညာတယ် ကမ္ဘာဟာ တကယ်မှမလည်ပဲ ဘယ်မှာပြန်ဆုံကြလို့လဲ... ။