"အဟမ်း ဒီမှာ ဒီမှာ မင်းအဆင်ပြေရဲ့လား"
"အမ်....."
ကိုယ်တိုင်တောင်မသိလိုက်ပဲ ဒီချွဲယောန်ယူဆိုတဲ့ သူကိုကြည့်ပီး အတွေးများစွာ၀င်နေလေသည်။ ဒီလူက ဘယ်သူလဲ ။ ဘာ့ကြောင့်များ ဟျောင်းနဲ့အသံက အစ ရုပ်အဆုံး ဒီလောက်ထိ တူနေရတာလဲ ။ ဒါသာမန်မှဟုတ်ရဲ့လား နောက်ပြီး ဟျောင်းမှာ အမွှာတွေဘာတွေရှိတယ်ဆိုတာလဲ မကြားဖူးပါဘူး ။ မဖြစ်နိုင်လိုက်တာ ။"ကောင်လေး သားအဆင်ပြေရဲ့လား သတိထားပါဦး"
အဘွားက ကျွန်တော့်ခန္ဓာကိုယ်ကို လှုပ်လိုက်မှ အသိတရားပြန်၀င်လာလေသည်။"ကျွန်-ကျွန်တော်အဆင်ပြေပါတယ်အဘွား နည်းနည်းစဉ်းစားစရာလေးတွေရှိနေလို့ပါဗျ"
"အေးပါကွယ် ဒါဆို နားနားနေနေ နေလိုက်ပါဦးကွယ် အဘွား မင်းသောက်ဖို့ ကြက်စွတ်ပြုတ်လေး သွားယူလိုက်ဦးမယ်"
"ဟုတ်-ဟုတ်ကဲ့ပါဗျ"
"ဒါဆို ကိုယ်လဲရေချိုးပြီးသွားနားလိုက်ဦးမယ် မင်းလဲ မနက်မှပြန်ပေါ့ ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါဗျ"
ဘာပြန်၍ဖြေလိုက်မိမှန်းတောင်သေချာမသိလိုက်ပေ ။ အခု ကိုယ့်စိတ်ထဲတွင် မေးခွန်းတွေများပြီးရှုပ်ထွေးနေလေပြီ ။ ဘယ်ဟာတွေက အမှန်တွေလဲ အစစ်တွေလဲ ဒါမှမဟုတ် အကုန်အတုအယောင်တွေလား မသိတော့ချေ။အဘွားပြုတ်ပေးတဲ့ ကြက်စွပ်ပြုတ်သောက်ပြီး၍ အားပြည့်လာသလိုခံစားရပေသည်။
"ကြက်စွတ်ပြုတ်က ကောင်းလှချည်လားအဘွားရဲ့""အဘွားရဲ့စေတနာ မေတ္တာတွေနဲ့ပြုတ်ထားတာပဲဟာ ကောင်းရမှာပေါ့ ကောင်လေးရဲ့"
"ဒါမျိုးစွတ်ပြုတ်တော့ တစ်သက်လုံးသောက်ချင်သေးရဲ့ဗျာ"
စွတ်ပြုတ်ဟာ တကယ့်ကိုအရသာရှိလှသည့်အတွက် အမှတ်မထင် နှုတ်မှထွက်မိသွားသော စကားတစ်ခွန်း။"သောက်ရမှာပေါ့ ကောင်လေးရယ် သေချာပေါက်ကို တစ်သက်လုံးသောက်ရမှာပေါ့"
အဘွားပြောစကားကိုကြားပြီးနောက် ရုတ်တရက်ကြောင်သွားလေသည်။"ဗျာ အဘွား ဘာပြောလိုက်တာလဲဗျ"
"ဪဘာမှမဟုတ်ပါဘူးကွယ် ကောင်လေးကြိုက်ရင် နောင်လဲ ပြုတ်ကျွေးဦးမယ်ပြောတာပါကွယ့် အော်ဒါနဲ့ ဒီဆေးလေးသောက်လိုက်နော် ဒါအဘွားကိုယ်တိုင်ကျိုထားတဲ့ အားဆေးလေး"
YOU ARE READING
လေပြေညှင်းရဲ့ အသက်ဆက်တေး ࣪ ִֶָ☾.
عاطفيةကျွန်တော်ရပ်နေခဲ့တယ် ကမ္ဘာလည်တာ တစ်ပတ်ပြည့်ရင် ဟျောင်းနဲ့ပြန်ဆုံနိုင်လိမ့်ဦးမယ်အထင်နဲ့... လူတွေညာတယ် ကမ္ဘာဟာ တကယ်မှမလည်ပဲ ဘယ်မှာပြန်ဆုံကြလို့လဲ... ။