ဓနရှိန်ဖြင့် ဘဝနှိမ်ချင်

3.5K 13 0
                                    

ရေးသားသူ – မင်းဟန်စိုး

အဖုံးဖွင့်ထားသော လေးထောင့်သံပုံး၏ အဝတွင် သစ်သားတုတ် ကန့်လန့်ခံကာ ချိတ်ဖြင့် ချိတ်တံပိုးဖြင့် ထမ်းလာခဲ့သော ရေအပြည့်ပါသည့် သံပုံးနှစ်ပုံးကို ရင်မောင်သည် သူ၏ လက်နှစ်ဖက်ဖြင့် အသာထိန်းပြီး ဒူးနှစ်ဖက်ကွေးကာ မြေပေါ်ကို ချလိုက်၏ ။ ပြီးတော့ ပုံးနှစ်ပုံးတွင် ချိတ်ထားတဲ့ ချိတ်နှစ်ချိတ်ကို ဖြုတ်လိုက်ပြီး သူ၏ ပုခုံးပေါ်မှ တံပိုးကို လက်နှစ်ဖက်ဖြင့် ယူပြီး အနီးရှိ အုန်းပင်မြစ်အုံကြီးတွင် မှီကာ ထောင်လို့ ထားလိုက်၏ ။ ပြီးတော့ ရေအပြည့်ပါလာသော သံပုံးနှစ်ပုံး အတွင်းမှ ရေများကို ရင်မောင်သည် တစ်ပုံးချင်း မပြီး အနီးရှိ ဒီဇယ်ပေပါကို ထက်ပိုင်းဖြတ်ထားသော စည်ပိုင်းဖြတ် အတွင်းသို့ လောင်းပြီး ထည့်လိုက်၏ ။ ရင်မောင် ထမ်းလာသော သံပုံးနှစ်ပုံးအတွင်းမှ ရေများ ကုန်သောအခါတွင် စည်ပိုင်းပြတ်အတွင်းတွင် ရေများ ပြည့်သွားတော့သည် ။

ရင်မောင်သည် သူ၏ ခါးတွင် ဝတ်ထားသော ပုဆိုးကို ဖြန့်လိုက်ပြီး မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်၏ ။ ပြီးတော့ သူ၏ ပုဆိုးကို လက်နှစ်ဖက်ဖြင့် တချက် နှစ်ချက်လောက် ဖြန့်ပြီးမှ ခါးတွင် ပြန်ပြီး ခပ်တိုတို ဝတ်လိုက်၏ ။

” သန်းနုရေ .. ဒီမှာ ရေပြည့်ပြီ .. ရေချိုးလို့ ရပြီဟ …”

ရင်မောင်က သွပ်မိုး ဝါးထရံကာ ပျဉ်ခင်း သုံးပင်နှစ်ခန်း ပတ်လည် အိမ်လေးအတွင်းသို့ ငုံ့ပြီး အသံခပ်ကျယ်ကျယ်လေးဖြင့် ပြောလိုက်၏ ။

” လာပြီ..အစ်ကိုရေ..လာပြီ …”

အိမ်အတွင်းမှ ထမိန်လေးကို ရင်လျားလျက် လက်အတွင်းမှလည်း ထမိန်တစ်ထည်ကို ခေါက်လျက်သားလေးကိုင်ပြီး သန်းနုသည် ကဗျာကရာ ထွက်လာသည် ။ သန်းနုသည် သံစည်ပိုင်းအနား ရောက်သည်နှင့် အနီးရှိ သရက်ပင်ပျိုလေး၏ ခြေရင်းနားရှိ ကိုင်းတက်ခွလေးတွင် သူမ၏ လက်အတွင်းမှ ကိုင်လာသော ထမိန်ခေါက်လေးကို တင်လိုက်၏ ။ အနီးသို့ သန်းနု ရောက်လာသည်နှင့် အုန်းပင်ကြီး၏ မြစ်ဆုံတွင် ထောင်မှီထားသော သူ၏ တံပိုးကို လှမ်းယူပြီး ရင်မောင်သည် သန်းနုကို ကြည့်လို့နေ၏ ။

အပြာစာအုပ် စုစည်းမှုWhere stories live. Discover now