Episode - 2

748 46 2
                                    


ညသန်ခေါင်ယံအချိန် ကားပါကင်တစ်ခု၌ အသက် ၄၉ ခန့်အရွယ်ရှိပြီပြီသောလူတစ်ယောက် သူ့ကားအနက်လေးရှိရာဆီသို့ ခပ်သုတ်သုတ်လျှောက်သွားသည် ။ ကားနားသို့ရောက်ခါနီး ခြေ ၅ လှမ်းလောက်အလို၌

" Mr. Shin Min Hoon-sshi …… "

အသံမှာ မိန်းကလေးတစ်ယောက်၏ခေါ်သံဖြစ်သည် ။ သွေးအေးစွာလှမ်းခေါ်သည့်အသံ ၊ ထို့ကြောင့် Shin Min Hoon ရဲ့ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားသည် ။ သူမရဲတရဲနောက်သို့ လှည့်ကြည့်လိုက်စဉ်

" ဟင် !!!! Chae Rim …… O.O "

Shin Min Hoon ထိုမိန်းကလေးကိုမြင်ပြီး လန့်သွားကာပါးစပ်မှ အာမေဋိတ် ရေရွတ်လိုက်စဉ်မှာပဲ သူ့ကိုလှမ်းခေါ်လိုက်သော မိန်းကလေးက ခါးနောက်တွင်ပါလာသည့် အသံတိတ်ပစ်စတိုသေနတ်ဖြင့် Min Hoon ရဲ့ရင်ဘတ်တည့်တည့်သို့ တစ်ချက်ပစ်ချလိုက်ရာ Shin Min Hoon အော်ချိန်တောင်မရလိုက်ပေ ။

Min Hoon သေနတ်မှန်ပြီး လဲကျသွားသည် ။ လဲကျသွားသော Min Hoon ရဲ့ဘေးသို့ မိန်းကလေးတစ်လှမ်းချင်းလျှောက်လာသည် ။

" မင်းးး … မင်းးး ဘာ့ ကြောင့် ……… "

ပါးစပ်မှသွေးများအန်ထွက်ပြီး သူ့ကိုလက်ညှိုးထိုး၍ အသက်ငင်နေသော Mr.Shin Min Hoon အားမိန်းကလေးစကားတစ်ခုကို တိုးတိုးပြောလိုက်ပြီး Min Hoon ရဲ့နဖူးတည့်တည့်သို့ သေနတ်ဖြင့်ထပ်ချိန်လိုက်သည် ။

" တောင်းပန်ပါတယ် Mr.Shin Min Hoon-sshi … "

" မ … မ … လုပ် ပါ နဲ့ …… "

Min Hoon ကလက်ဖြင့် ကာပြ၍မပစ်ဖို့တောင်းပန်နေသော်လည်း မိန်းကလေးက မျက်စိဆုံမှိတ်ကာ သေနတ်ခလုပ်ကိုနှိပ်ချလိုက်လေတော့သည် ။

" ဒုတ် …………… "

လူတစ်ယောက်ရဲ့အသက်ကို နှုတ်ယူလိုက်ပြီးနောက် မိန်းကလေးမှာ သက်ပြင်တစ်ချက်ကိုပင့်သက်ရှိုက်ချလိုက်သည် ။ ထို့နောက်သူအလောင်းကို စစ်ဆေးလိုက်ပြီး သေဆုံသူ၏အကျီထဲမှ USB လေးကိုယူလိုက်လေသည် ။

………xxx………

" Cheer …………… " *shout*

Sica ကရှေ့မှအော်လိုက်တော့ ကျန်တဲ့သူတွေကပါ လိုက်အော်ပြီး ခွက်ချင်းတိုက်ကာ ဝိုင်ခွက်ကိုပြိုင်တူ တစ်ငုံ့စီသောက်လိုက်ကြသည် ။

Unfade MemoriesWhere stories live. Discover now