Episode - 5

583 42 1
                                    


Soo Young ဟိုတယ်ထဲဝင်လာတော့ အခန်းပေါက်အဝင်ဝနားတွင်ရပ်နေသော Sica က

Sica - ဟဲ့ Yoongie ရော ? O.O
Soo - ကမ်းခြေနားမှာ ထိုင်ကျန်ခဲ့တယ် ငါဗိုက်ဆာလို့ပြန်မယ်ဆိုတာ ခေါ်လို့ကိုမရဘူး … အဲ့ဒါနဲ့ခဏထားခဲ့ပြီး ငါမုန့်လာယူတာ …… :(

Sica - ဟာ ! နင်ကလဲတော်ကြာတစ်ယောက်တည်း တစ်ခုခုဖြစ်နေရင်ဘယ်လိုလုပ်မလဲ … >_<
Soo - ငါအခုချင်ချင်းပြန်သွားမှာပါဟ …… :(
Sica - ဘယ်နားမှာနေခဲ့လဲ ?
Soo - ဒီနားလေးတင် ဟော … ဟိုးနားကအုန်းပင်နားမှာ ……

Sica - ဒါဆိုငါသွားခေါ်နှင့်မယ် နင်လဲပြီးရင်လိုက်ခဲ့ …
Soo - အေးအေး ……

ဒါနဲ့ပဲ Soo ကျန်ခဲ့ပြီး Sica အရင်ထွက်လာခဲ့သည် ။

Sica လဲ Yoona ထိုင်နေသည့်နားသို့အမြန်သွားခဲ့သည် ။ Yoona ရဲ့အနားလဲရောက်ရော

Sica -Yoongie yahh … ဟင် ! Uri Yoongie ဘာလို့ငိုနေတာလဲ ? O.O

Sica. Yoona ရဲ့နားတွင်ချက်ချင်းထိုင်ချလိုက်ပြီး ငိုနေသော Yoona ကိုစိုးရိမ်တကြီးမေးတော့သည် ။

Yoona - Unnie ……… သမီး … သမီး … လေ … စောစောက Taengoo Unnie ရဲ့အသံကိုကြားလိုက်ရတယ် … :'(

Sica - ဘယ်လို !!!! O.O

Yoona - စောစောက သမီးရဲ့ဘေးကို ခါးပိုက်နှိုက်တဲ့လူတွေရောက်လာကြတယ် …… လွယ်အိတ်ထဲကပိုက်ဆံအိတ် ဖုန်းနဲ့ လမ်းလျှောက်ရင်ထောက်တဲ့ဒုတ်ကောက်ပါယူသွားကြတယ် ……

Sica - ဟမ် ! Yoongie yahh ဘာဖြစ်သွားသေးလဲ ? သူတို့ Yoongie ကိုတစ်ခုခုလုပ်သွားကြသေးလား …… ? O.O

Yoona - တွန်းရုံတွန်းသွားကြတာ ဘာမှမဖြစ်ဘူး … အဲ့ဒါ အဲ့အချိန် သမီးကို မိန်းကလေးတစ်ယောက်လာမေးတယ် …… အခု Unnie သမီးကိုမေးသလိုပဲ 'Gwenchana' တဲ့ … သူ့အသံက Taengoo Unnie ရဲ့အသံနဲ့ချွတ်ဆွတ်ပဲ … သမီးက Taengoo Unnie လားလိုမေးတော့လဲ ပြန်မဖြေဘူး …… အီးဟီးဟီးးး …… :'(

Yoona ကလေးတစ်ယောက်လိုပြောရင်း အော်ငိုတော့သည် ။ Sica လဲသက်ပြင်းချပြီး Yoona ကိုထွေးပွေ့ပေးလိုက်သည် ။

Sica - အသံတူမရှား လူတူမရှားပေါ့ Yoongie ရယ် …… Taengoo အသံနဲ့တူတဲ့သူဖြစ်မှာပါ …… ဟင်းး *sigh*  :(

Unfade MemoriesWhere stories live. Discover now