Episode - 8

1.1K 64 16
                                    


ကားပါကင်ဘက်မှ Company ရှေ့သို့ကားကိုကွေ့လိုက်စဉ် Tae Yeon နှင့်အလွန်တူလွန်းသည့်မိန်းကလေးတစ်ယောက်ကို Fany ကားပေါ်မှလှမ်းတွေ့လိုက်ရသဖြင့် မျက်လုံးပြူးသွားသည် ။

" ကြီ်းးးးးးး …… "

Fany ဘရိတ်ကိုဆောင့်နင်းလိုက်သဖြင့် ကားရပ်သည့် 'ကျွီးးး' ဆိုသည့်အသံကို Tae ကြားလိုက်ရသည် ။ ကြည့်လိုက်တော့ ကားပေါ်တွင် Tiffany ဖြစ်နေသောကြောင့် Tae yeon ချက်ချင်းမျက်နှာကိုတခြားဘက်သို့လှည့်လိုက်သည် ။ ထို့နောက် Tae အကျီအိပ်ကပ်ထဲအသင့်ဆောင်လာသည့် Mask အဖြူလေးကိုမျက်နှာတွင် အမြန်တပ်လိုက်ရင်း Company ဘေးရှိ လမ်းထဲသို့ခပ်သုတ်သုတ် လျှောက်လာခဲ့သည် ။

Fany - မဖြစ်နိုင်တာ …… လောကမှာအဲ့လောက်ရုပ်ချင်းတူတဲ့သူရှိလို့လား !!! O.O

Fany တအံ့တသြရေရွတ်လိုက်ရင်း Tae ဝင်သွားသည့်လမ်းရှေ့နားသို့ ကားကိုဆက်မောင်းသွားသည် ။ ပြီးတော့လမ်းထိပ်ထောင့်ဘေး၌ ကားကိုရပ်ထားလိုက်ပြီး သူ့ကားပေါ်မှဆင်းကာ Tae ရဲ့နောက်သို့ Tiffany ဆက်လိုက်သွားခဲ့လေသည် ။
Fany လိုက်လာသည့်ခြေသံကို Tae ကြားနေရသဖြင့် စိတ်ထဲမှရွတ်လိုက်လေသည် ။

Tae < Fany ahhh ကျေးဇူးပြုပြီး မလိုက်လာခဲ့ပါနဲ့တော့ …… ငါအသက်ရှင်နေတယ်ဆိုတာသိရလို့ နင့်အတွက်ကောင်းတာတစ်ခုမှ မရှိဘူး …… သူငယ်ချင်းရင် နင်ဆက်မလိုက်ခဲ့ပါနဲ့တော့ …… >

Tiffany ကလဲလုံးဝအလျော့မပေးချေ ။ မျက်ချေမပျက်အောင် ဆက်တိုက်လိုက်ခဲ့သည် ။ သူ့စိတ်ထဲမှာလဲ မေးခွန်းများဖြင့်ရှုပ်ယှက်ခတ်နေသည် ။

Fany < သူဘယ်သူလဲ ? ဘာလို့ငါတို့ Taengoo နဲ့ရုပ်တအားဆင်နေရတာလဲ ? >

နောက်ကလိုက်လာသည့် Fany ကိုမျက်ခြေဖြတ်လို့ရအောင် Tae Yeon ခပ်သွက်သွက်လျှောက်နေရာမှ ညာဘက်ရှိလမ်းသွယ်ထဲသို့ ရုတ်တရက်ပြေးဝင်လိုက်သည် ။ ပြီးတော့သူလျင်မြန်စွာနဲ့ အဆောက်အဦးနှစ်ခုကြားထဲရှိ လမ်းကျဉ်းလေးထဲသို့ထပ်မံပြေးဝင်၍ ပုန်းခိုနေလိုက်သည် ။

Fany လဲရှေ့မှ Tae ပြေးဝင်သွားခဲ့သည့်လမ်းထဲသို့ နောက်မှပြေးလိုက်ခဲ့သည် ။ သို့သော် လမ်းကြားထဲရောက်တော့ Fany . Tae ကိုရှာလို့မတွေ့တော့ပေ ။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Aug 24, 2015 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Unfade MemoriesOù les histoires vivent. Découvrez maintenant