Episode - 7

562 42 1
                                    

Woo Bin ဦးဆောင်၍ Tae yeon , Amber နှင့် Woo Bin ၏ညီမဖြစ်သော Wendy တို့ ၄ ယောက်သည်မြောက်ကိုရီးယားနယ်စပ်မှတစ်ဆင့် ရေလမ်းကြောင်းဖြင့် တောင်ဘက် Munsan မြို့ထဲသို့ခိုးဝင်ခဲ့ကြသည် ။ ထို့နောက် Seoul မြို့ဖြင့်အနီးဆုံးဒေသဖြစ်သော Imjin နယ်ရှိ အိမ်တစ်အိမ်၌ စခန်းချနေထိုင်ခဲ့ကြသည် ။ Imjin မှာတောင်ပေါ်ဒေသလေးတစ်ခုဖြစ်၍ Seoul မြို့နှင့် သိပ်မဝေးပေ ။ ကားဖြင့်သွားလျှင် ၁ နာရီကျော်ကျော်မျှသာကြာသည် ။ မြို့မဟုတ်သောကြောင့်အေးချမ်းတိတ်ဆိတ်သော ဒေသလေးဖြစ်သည် ။

Woo Bin - Chae Rim နင်အပြင်လုံးဝမထွက်ပါနဲ့ ......... တစ်ခုခုမှာချင်တာရှိရင် ငါအပြင်သွားတဲ့အခါမှာလိုက် ......

Tae yeon ပြောတာကြားသော်လည်း ပြန်မဖြေပဲခေါင်းပဲငြိမ့်လိုက်သည် ။ ထို့နောက်

Tae - ငါဘယ်အခန်းမှာနေရမှာလဲ ?

Wendy - အပေါ်ထပ်မှာ ၂ ခန်းအောက်မှ တစ်ခန်းရှိတော့ ...... အပေါ်ထပ်က Unnie ကြိုက်တဲ့တစ်ခန်းယူသုံးလိုက်ပါ ...... သမီး Amber နဲ့တစ်ခန်းသုံးလိုက်မယ် ...... :)

Amber - ဟုတ်တယ် Unnie အရင်တက်ကြည့်ပြီး ကြိုက်တဲ့အခန်းယူလိုက်ပါ ... ^_^

Tae - Ummm ......... gomawo ......

Tae သူ့လွယ်အိတ်လေးလွယ်ပြီး အပေါ်ထပ်သို့တက်သွားသည် ။ အခုထိသူ့စိတ်ထဲဘာတွေဖြစ်နေတယ်ဆိုတဲ့ အရိပ်အယောင်အား နည်းနည်းလေးမျှအမူအရာမထုတ်ပြသေးချေ ။ ခပ်တည်တည်ပင်တက်သွားသည် ။ သူလဲတက်သွားရော Woo Bin က Amber ကိုအမူအရာဖြင့်

Woo - သူ့ကိုသေချာစောင့်ကြည့်ထား သူအပြင်လောလောဆယ်ထွက်လို့မဖြစ်သေးဘူး ......

Amber - Nae Hyung ......

Wendy - Oppa နည်းနည်း မဟုတ်ဘူး ...... ဒါတော်တော်လေးလွန်နေပြီမဟုတ်လား ? ဒီတိုင်းလွှတ်ပေးလိုက်ကြပါတော့လား ? သူလဲသူ့ဘဝနဲ့သူပဲဟာ ...... တကယ်လို့သူပြန်မှတ်မိသွားတဲ့အခါကျမှဆိုရင် တားမရဆီးမရနဲ့ပိုဆိုးကုန်မယ် နောက်ပြီး ............ သူသမီးတို့အပေါ်တအားနာကျည်းသွားလိမ့်မယ် ...... :/

Wendy ကသူ့အစ်ကိုနားကပ်၍ပြောလိုက်တော့ Woo Bin သက်ပြင်းချလိုက်ရင်း

Woo Bin - လောလောဆယ် အချိန်မကျသေးဘူး ...... အချိန်ကျရင် Oppa ကိုယ်တိုင်သူ့ကိုပြန်ပို့ပေးမှာပါ ......... အခုတော့ မဖြစ်သေးဘူး အခုလှုပ်ရှားရင် သူသေလိမ့်မယ် ... :(

Unfade MemoriesWhere stories live. Discover now