သာယာတဲ့နေ့လေးမှာချိုသာတဲ့မေတ္တာရှိရာအရပ်ကိုလာရှာဖွေကြတဲ့ ကိုယ့်ကလေးတွေကို ဟောဒီနေရာနူတ်ခွန်းဆက်ပါတယ်...။အခုမှတက်သစ်စအညွန့်နုသေးတဲ့စာရေးသမားလေးဖူးက ကလေးငယ်တို့ရဲ့ ပျော်ခြင်း၊ကြည်နူးခြင်း၊ ပီတိဖြစ်ခြင်း၊ ဝမ်းနည်းခြင်းစသည့် ခံစားချက်တွေ ချစ်ခြင်းအနှစ်သာရ ၊ လောကဓံရဲ့ဇာတ်ကွက်တွေကို မျက်စေ့မှာမြင်ယောင်လာအောင် ရင်ထဲမှာနှစ်ဝင်နေအောင်ကြိုးစားနိုင်ဖို့မျှော်လင့်မိပါတယ်။
အရေးအသားညံ့ဖျင်းမှုနဲ့ စာဖတ်သူလေးတွေကို အနုပညာခံစားရာမှတစ်ခုခုလစ်ဟာခဲ့သည်ရှိသော် တစ်ခုခုမတင်မကျဖြစ်အောင်လုပ်ခဲ့မိသည်ရှိသော် ဖူးဘက်ကအနူ့အညွှတ်တောင်းပန်ပါတယ်။
ဝါသနာပါရာလုပ်ဆောင်မိရာကကလေးငယ်ရဲ့ နုညံ့တဲ့ခံစားချက်လေးကိုထိခိုက်စေမိခဲ့ရင်ကြိုတင်တောင်းပန်အပ်ပါတယ်။ ဝါသနာဖြစ်ပြီးကျွမ်းကျင်မှုမဟုတ်ကြောင်းကို ကလေးငယ်တို့နားလည်မယ်လို့လဲထင်မိတယ်။
ဖူးအခုရေးမဲ့ဇာတ်လမ်းလေးက အခါခါရေးသားခဲ့ပေမဲ့ အဆင်မချောဘဲ အကြိမ်ကြိမ်ဖျက်ပစ်ခဲ့ရတဲ့ဇာတ်လမ်းလေးပါ..။ ဖူးရဲ့ညံ့ဖျင်းမှု့ကြောင့်ကော အနှောက်အယှက်မျိုးစုံကြောင့်ရော အချိန်တစ်ခုထိအဆင်မပြေခဲ့တဲ့ဇာတ်လမ်းလေးကို အခုအမှားအယွင်းအနည်းဆုံးနဲ့အကောင်းမွန်ဆုံးဖြစ်အောင်ရေးသားပေးချင်ပါတယ်။ စာဖတ်သူတို့လည်းအဆုံးထိလိုက်ပါလာစေဖို့ မျှော်လင့်ပါတယ်။
နောက်ပြီး သဘာဝတရားအတိုင်းဖိုမသဘောမဟုတ်တဲ့ ဆန့်ကျင်ဘက်လားရာကို လက်ခံနိုင်မှ နှစ်သက်နိုင်မှ ဖူးကမ္ဘာလေးထဲကိုလာစေချင်ပါတယ်။ လောကသဘာဝတရားကြီးဆန့်ကျင်ထားတဲ့အချစ်ဝတ္ထုလေးတစ်ပုဒ်က မနှစ်သက်၊သဘောမကျတဲ့သူအတွက် အနှောက်အယှက်ဖြစ်စေဖို့မလိုလားပါဘူး။ လောကသဘာဝတရားကြီးကိုဆန့်ကျင်တဲ့ချစ်ခြင်းများဟာလည်း စစ်မှန်ကြောင်းသိစေလိုရုံကလွဲပြီးတစ်ခြားရည်ရွယ်ချက်မရှိပါဘူး။ဒါဆိုအခုကစပြီးဖူးကမ္ဘာလေးကကြိုဆိုပါတယ်။
ဖူးပေးတဲ့မေတ္တာဆုမွန်များကြောင့် ကလေးငယ်တို့နွေးထွေးကြပါစေ။🤍🤍
YOU ARE READING
ရင်မှာထွေး၍နွေးပါစေ
Romance" မိန်းမပျက်လို့ဆိုတဲ့ထွေးကညတိုင်းမောင့်အတွက်ဒီရင်ခွင်ကိုအမြဲလှစ်ဟပေးနေခဲ့တာပါ...၊ နာကျင်ချိန်တိုင်း တံတိုင်အဖြစ် ကာရံပေးချင်တဲ့ထွေးကဆုတောင်းမိတာတစ်ခုဘဲရှိပါတယ်၊ 'ရင်မှာထွေး၍နွေးပါစေ'လေ။"