Part-6

358 20 5
                                    

" ဓားနဲ့လှီးထားတာ..။"

ရုံးခွင်တစ်ခုလုံးအပ်ကျသံတောင်ကြားရတဲ့အထိတိတ်ဆိတ်သွားတယ်။သုရှင်မောင်ရဲ့ပုခုံးတွေတသိမ့်သိမ့်တုန်လာပြီး မျက်ဝန်းသေတွေရယ်မြူးနေတယ်။ ‌ဖြူဖျော့နေတဲ့နူတ်ခမ်းတွေက ကြောက်မက်ဖွယ်ကောင်းအောင် ကွေးညွတ်နေတယ်။ထူးဆန်းတဲ့အပြုအမူကြောင့်
လူတွေအကုန်လုံးသုရှင်မောင်ကိုအရူးတစ်ယောက်လိုဝိုင်းကြည့်ကြတယ်။သူတို့ကိုယ်သူတို့မသိတဲ့...

' စောက်ရူးတွေကများ!!။'

" ဘာ...ဘာပြောလိုက်တယ်!..။"

ရှေ့နေ့ရဲ့မျက်နှာကတည်တံ့အောင်ထိန်းထားပေမဲ့ မမျှော်လင့်ထားတဲ့အဖြေကြောင့်အံ့ဩနေသလို။
သုရှင်မောင် ဦးသုရှင်မဟော်ရှိရာဘက်ကို လှောင်ပြုံးတစ်ချို့နဲ့နောက်တစ်ကြိမ်လှည့်ကြည့်တော့

' ဟော..၊ ဒါကြောက်နေတာလား..။'

မျက်လုံးပြူးမျက်ဆံပြူးနဲ့ အံတင်းတင်းကြိတ်ထားပုံက သုရှင်မောင်ကိုအစိမ်းလိုက်ဝါးစားတော့မလို။ တရားခွင်ထဲမှာသာမဟုတ်ရင် သုရှင်မောင်အနည်း‌ဆုံးခေါင်းတော့ကွဲဖို့ကောင်းပါရဲ့..။ဘယ်လောက်ဘဲကြောက်ဖို့ကောင်းတဲ့လူဖြစ်ဖြစ် နောက်ဆုံးတော့သူ့ရဲ့သေရေးရှင်ရေးကသုရှင်မောင်လက်ထဲမှာပဲ။ သူသိပ်အထင်သေးတဲ့ ၁၃နှစ်အရွယ်လူတစ်ယောက်ရဲ့လက်ထဲမှာပါပဲ။သုရှင်မောင် ထီမထင်အကြည့်က ရှေ့နေ့ဆီပြန်ရွေ့လာပြီး..

" အပူလောင်တာမဟုတ်ဘဲ..၊ ဓားနဲ့ရှထားတာ..။"

‌လက်ဖမိုးကြည့်ရင်သိပ်မသိသာပေမဲ့ လက်နှစ်ဖက်ကိုမြောက်ပြတော့ လက်ဖဝါးကပတ်တီးအဖြူမှာသွေးရောင်စိုစွတ်နေ‌သေးတယ်။ ရိုးရိုး‌ဓားဒဏ်ရာတော့ဘယ်ဟုတ်မလဲ..။ ‌မနေ့ကမှရထားတဲ့ဒဏ်ရာမို့စိုစိုစွတ်စွတ်။

အဲ့နေ့က သုရှင်မောင်လှေကားထိပ်ကနံရံမှာမှီရင်းအိပ်ပျော်‌နေခဲ့တယ်။ရုတ်တရက် ‌ဦးခေါင်းကဆက်ကနဲနာကျင်လာတာကြောင့် မျက်လုံးတွေပွင့်လာပြီး ကျစ်ကနဲစုတ်သပ်မိတယ်။ မင်းသုရှင်မောင်ရဲ့ဆံပင်တွေအခွေလိုက်ကိုကိုင်ဆွဲထားပြီး သဘောတကျကိုရယ်နေ‌တဲ့ ဦးသုရှင်မ‌ဟော်ရဲ့သား‌ကြောင့်။အိပ်ချင်မပြေတဲ့မျက်ထောင့်တွေကနီရဲနေပြီး မျက်မှောင်ကုတ်ထားပုံကြောင့် ဟိုလူရဲ့သားက အခုမှအသိဝင်သလို ဆံပင်ကိုလွတ်ချတယ်။

You've reached the end of published parts.

⏰ Last updated: Mar 05 ⏰

Add this story to your Library to get notified about new parts!

ရင်မှာထွေး၍နွေးပါ‌စေWhere stories live. Discover now