Part-5

193 7 1
                                    

‌" မမ..။"

လှည့်ကြည့်လာတဲ့ညီမငယ်ရဲ့မျက်နှာဖွေးဖွေးလေးမှာ မျက်ရည်တွေစီးကျလို့နေတယ်။ အယောင်ယောင်အမှားမှားနဲ့လက်ထဲကိုင်ထားတဲ့ ဟင်းစာထုတ်တွေလဲဘယ်နားလွတ်ချခဲ့မှန်းမသိဘဲ ညီမငယ်နား ရောက်လာမိတယ်။ ‌မျက်နှာလေးငုံ့လို့တအီအီငိုနေတဲ့ညီမငယ်က ထွေးရင်ခွင်ထဲတိုးဝင်လာတယ်။

" ဟင့်...အီး.. အင့်..၊ မောင်က..မောင်ကမေ့ကိုသဘောမကျဘူး..ဟင့်...၊ မောင်ကမေ့ကို ကြမ်းကြမ်းတမ်းတမ်းပြောတယ်...။"

ထွေးကကြားလိုက်ပါတယ်..။‌မေ့မေးခွန်းလေးအတွက်နဲ့ စကားကိုရင့်ရင့်သီးသီးကိုပြောသွားတာ။ ဘယ်လိုဘဲမကြိုက်သည်ဆိုအုံး ချိုချိုသာသာပြောလို့ရပါရဲ့..။ ‌အဲ့ဒီမာထန်လွန်းတဲ့မျက်နှာနဲ့အသွင်အပြင်က အဝေးကထွေးကိုတောင် မှင်သက်စေနိုင်တာမို့ မေဆိုဘယ်လောက်တောင်လန့်သွားမလဲ။ ငယ်ငယ်ကတည်းက စကားလေးတစ်ခွန်းနဲ့တောင်မမာန်မဲခံရဖူးတဲ့မေက အများကြီးလန့်သွားခဲ့မှာ..။ ရင်ခွင်ထဲကမေ့ကိုအသာဆွဲထုတ်ရင်း ‌မျက်ရည်တွေပွတ်ဆွဲသုတ်ပေးမိတယ်။

" မျက်ရည်မကျရဘူးလေမေ...၊ မမသူကိုစကားပြောကြည့်ပါ့မယ်နော်...၊ မငိုနဲ့တော့..၊ နောက်မေ့ကိုအဲ့လိုမပြောအောင် မမ ပြောပေးမယ်..၊ဟုတ်ပြီလား..။"

လုပ်ပေးနိုင်လား၊မ‌လုပ်ပေးနိုင်လားဆိုတာဒီအချိန်မှာထွေးခေါင်းထဲမှာမရှိ။သိပ်ချစ်ရတဲ့ညီမငယ်ရဲ့မျက်ရည်တွေမမြင်လိုတာမို့ ‌လိုရာဆွဲပြောလိုက်တာ။လုပ်ပေးခိုင်းမယ်ဆိုရင်လဲထွေးတွန့်ဆုတ်နေမှာတော့မဟုတ်ပါ။ ‌မေစိတ်ချမ်းသာဖို့သာအရေးကြီးပါတယ်။ မေ့မျက်ရည်တွေမမြင်ရဖို့သာ အရေးကြီးဆုံးပါ။ ဒါဟာ သိပ်အထီးကျန်ဆန်လွန်းခဲ့တဲ့ထွေးဘဝကိုအလင်းရောင်ပေးခဲ့တဲ့ညီမငယ်ကြောင့်မို့ ထွေးအသက်ထက်ပိုချစ်ပါတယ်။ ထွေးအသက်ရှင်နေသမျှကာလပတ်လုံးဟာ ညီမငယ်အတွက်အရာရာဖြည့်ဆည်းပေးနိုင်ဖို့ပါပင်။

ထွေးစကားကိုမျှော်လင့်ချက်လေးရသလို ညီမ‌ငယ်ကမော့ကြည့်လာတယ်။ အဲ့နောက်ထွေးရင်ခွင်ထဲပြန်တိုးဝင်လာပြီးတင်းတင်းကျပ်ကျပ်ဖက်လို့ရိူက်သံတစ်ဝက်နဲ့ ခပ်အီအီလေးပြောလာတယ်။

ရင်မှာထွေး၍နွေးပါ‌စေWhere stories live. Discover now