ဘဝတစ်ကွေ့မှာခဏတွေ့ခဲ့ရတဲ့ လူတစ်ယောက်က
တစ်ဖက်လူတစ်ယောက်ကို ရူးရူးမူးမူးစွဲလန်းစေခဲ့ပါတယ်တဲ့..။အဲ့ဒီတစ်ဖက်လူက ထွေးဖြစ်ပြီး လူတစ်ယောက်ကတော့ ကျိန်းသေပေါက်မောင်ပေါ့။
ချစ်ခြင်းမေတ္တာလို့သီဖွဲ့တာနဲ့ နုနုညံ့ညံ့ပြုံးချင်မိတဲ့ထွေးက အခုတော့ထွေးနူတ်ခမ်းကနေ ရိူက်သံတွေစီလို့ရီလို့။ အရည်လဲ့နေတတ်တဲ့ထွေးမျက်လုံးတွေကလဲ မျက်ရည်စီးကြောင်းတွေရဲ့ဇစ်မြစ်ကြီးဖြစ်လို့နေတယ်။ လက်ဖဝါးတွေနဲ့ မျက်ရည်တွေကိုဖိအုပ်မိပြန်တော့...
နာလိုက်တာ...။
လက်တွေခြေတွေဟာထိတွေ့လိုက်တိုင်းနာကျင်လိုက်တာ။ပိုနာလိုက်တာ...တစ်ခြားမိန်းမတစ်ယောက်အပေါ်ယုယနေတဲ့မောင့်ပုံရိပ်ကြောင့် ထွေးနှလုံးသားတွေပိုနာလိုက်တာ။ ။ငယ်ကတည်းကငိုမိရင်မျက်ရည်တိတ်ခဲတဲ့ထွေးကအခုလိုငိုနေရရင်ခက်ပြီ။ ဘယ်အချိန်များတိတ်ပါ့မလဲ။
မျက်ရည်တွေကြားက လူသံသူတွေသံညံလာတာကိုကြားလိုက်ရတယ်။ ဟုတ်သား..၊ ထွေးကအခုချိန်ထိ မောင်ထားခဲ့တဲ့နေရာမှာရှိနေတုန်း။ မျက်ရည်တွေဖိသုတ်လို့ရှိတဲ့အင်အားနဲ့ကျုံးရုန်းထဖို့ကြိုးစားနေချိန် စကားသံတိုးတိုးတွေဟာ ထွေးနားထံတဖန်ပျံ့လွင့်လာပြန်တယ်။မဟုတ်ဘူး..၊ ရည်ရွယ်ချက်ရှိရှိပြောနေဟန်ပါ။
" နင်တို့ခဏကတွေ့လိုက်လား..၊ မမလေးကသူ့မိန်းကလေးကိုကားပေါ်ပွေ့တင်ပေးလိုက်တာ..။"
အိမ်ထဲကိုဝင်လာကြတဲ့အိမ်ဖော်မလေးသုံးယောက်ထဲကတစ်ယောက်က စပြောလာတယ်။
" ချစ်သူအချင်းချင်းဘဲ ဘာဆန်းလို့လဲ..ယမုံရယ်..။"
" ဆန်းတယ်..၊ ဆန်းတယ်ရှင့်..၊ မမလေးမှာ လက်ထပ်ထားတဲ့သူရှိတယ်လေ..၊ သူ့မိန်းမကိုတော့ အဲ့လိုယုယဖို့နေနေသာသာ တစ်လမှာတောင် သုံးရက်ပြည့်အောင်အိမ်ပြန်မလာဘူးမလား..။"
" ညည်းကအသစ်ရောက်လာတာဆိုတော့ဘယ်သိအုန်းမလဲ..၊ မမလေးကသခင်မကြီးပေးစားလို့တာလက်ထပ်ထားတာပါဆို...၊ ဘယ်သူကမျိုးမသန့်တဲ့လူကိုထိတွေ့ချင်မှာတဲ့လဲ...။"
YOU ARE READING
ရင်မှာထွေး၍နွေးပါစေ
Romance" မိန်းမပျက်လို့ဆိုတဲ့ထွေးကညတိုင်းမောင့်အတွက်ဒီရင်ခွင်ကိုအမြဲလှစ်ဟပေးနေခဲ့တာပါ...၊ နာကျင်ချိန်တိုင်း တံတိုင်အဖြစ် ကာရံပေးချင်တဲ့ထွေးကဆုတောင်းမိတာတစ်ခုဘဲရှိပါတယ်၊ 'ရင်မှာထွေး၍နွေးပါစေ'လေ။"