Part-4

300 11 0
                                    

လွန်ခဲ့တဲ့၄နှစ်နွေဦးအစလေရူးလေးတွေပြေးခဲ့အခါတုန်းကပေါ့..။

" မောင်မြန်မာကိုမပြန်ချင်ဘူး..။"

ဒေါ်မေခမာယာသမီးဖြစ်သူကိုသက်ပြင်းရှိုက်ရင်း လှည့်ကြည့်မိတယ်။ အသက်၂၀အရွယ်လေးဆိုပေမဲ့ တည်ကြည်တဲ့မျက်နှာရှိပြီး အချိုးကျတဲ့ခန္ဓာကိုယ်ရှိတဲ့သမီးက ၂၀ကျော်‌တွေထက်ထွားပါတယ်။ ဒီတစ်ခါအလုပ်ကိစ္စကတစ်ကယ့်အရေးကြီးတယ်။ မြန်မာမှာရှိတဲ့မိတ်ဆွေ‌တစ်ယောက်ဆီအလည်သွားရင်း ကိုယ်တိုင်ဦးစီးနေတဲ့ ဟိုတယ်လုပ်ငန်းဝန်ဆောင်မှုတွေကိုစစ်ဆေးဖို့ရှိတယ်။မသွားလို့ကမဖြစ်။ တစ်ဦးတည်းသောသမီးသဖြင့်လဲ မင်းသုရှင်မောင်က ငယ်ငယ်ကသူ့အဖေပေးခဲ့တဲ့စိတ်ဒဏ်ရာတစ်ချို့ကြောင့် လူတောမတိုး။ စကား‌ဆိုလဲမပြောသလောက်ကိုနည်းလွန်းပေမဲ့ ဉာဏ်ရည်ကတော့ထက်မြက်လွန်းပါတယ်။ ငယ်ငယ်ကတည်းက ဂုဏ်တွေဒြပ်တွေနဲ့ကြီးပြင်းခဲ့ရတဲ့ကလေးမို့ သူ့ရဲ့အချိန်တိုင်းက စာနဲ့မဟုတ်ရင်လက်တော့တစ်လုံးနဲ့အလုပ်ရူပ်နေတတ်တာ လူမှန်းသိတတ်စကတည်းအခုထိပါပဲ။ အခုဆိုလဲ ဒေါ်မေခမာယာရဲ့တာဝန်တွေကိုခွဲယူနိုင်နေပြီဆိုပေမဲ့ လူဆိုတာလူမှု့အဖွဲ့အစည်းနဲ့နေရကောင်းမှန်းသိစေချင်မိတယ်။ မောင့်ရဲ့အဖေကိစ္စနဲ့ပတ်သက်လို့
သူဘာမှမလုပ်ပေးနိုင်ခဲ့တာ‌ကြောင့်စိတ်မကောင်းဖြစ်မိပေမဲ့ အခုတော့စိတ်မကောင်းဖြစ်ရုံနဲ့မပြီးတော့ သမီးကိုထက်မြက်တဲ့လူတစ်ယောက်ဖြစ်စေချင်တယ်။ လူမှု့ပတ်ဝန်းကျင်နဲ့ကျွမ်းဝင်စေချင်တဲ့ရည်ရွယ်ချက်နဲ့မို့ အမိအရကိုခေါ်ရလိမ့်မယ်။

" ဟိုမှာခဏဘဲနေမှာပါ မောင်ရယ်၊ အလွန်ဆုံးမှာတစ်ပတ်လောက်ပါပဲ..၊ ‌နောက်ပြီး အမေသွားမဲ့နေရာကိုမောင်သဘောကျမှာပါကွယ်..။"

ဒေါ်မေခမာယာချော့ပြောတော့ မောင်ကမျက်မှောင်ကျုံ့လို့တစ်ချက်မော့ကြည့်တယ်။ ပြီးနောက် တပ်ထားတဲ့ရွှေရောင်မျက်မှန်ကို ချွတ်ပြီး
laptopကိုတစ်တောက်တောက်နိပ်နေပြန်တယ်။ ပြန်ဖြေဖို့စိတ်ကူးရှိပုံမပေါ်။

ဒေါ်မေခမာယာသမီးထိုင်နေရာဆိုဖာပေါ်ကပ်ထိုင်တော့ ဒီအတိုင်းမတုန်မလှုပ်။သမီးပုခုံးနှစ်ဖက်ကို
ညင်ညင်သာသာဆုပ်ကိုင်တော့ တတောက်တောက်နှိပ်နေတဲ့လက်ချောင်းတွေကရပ်သွားတယ်။

ရင်မှာထွေး၍နွေးပါ‌စေWhere stories live. Discover now