ဘရွန်း...ဘရွန်း။
ကားပြိုင်ပွဲတစ်ခုအတွင်းမှာ အဖြူရောင် အနီရောင် အမဲရောင် ကားသုံးစီးအတွင်းမှ ကားမောင်းသူနေရာကလူသုံးယောက်က head mask အောက်ကမျက်ဝန်းတွေက သူတို့မြင်ကွင်းရှေ့မှာမြင်ရသည့် မီးအနီ ထိုမှတဆင့် မီးအဝါ ထိုမှတဆင့် မီးအစိမ်းပြောတော့ မျက်ဝန်းများကချက်ချင်းဆိုသလိုပြောင်းသွားပြီးနော် အပြိုင်အဆိုင်မောင်းထွက်ကျလေသည်။ကားမောင်းထွက်သည့်နေရာဘေးတွင်တော့ အသက်ခတ်ငယ်ငယ်လူငယ်များက ထိုကားသုံးစီးအားမျက်တောင်မခတ်တန်းလိုက်လံကြည့်ရှုနေကျသည်။ ကားသုံးစီးကတော့ သူတစ်ပြန်ကိုယ်တစ်ပြန်ကျော်တက်နေကျသည်။ ပထမတစ်ပတ်မှာ ကားအနီရောင်ကဦးဆောင်နေပေမဲ့ ဒုတိယအပတ်မှာ အမဲရောင်ကားလေးကပြန်ဦးဆောင်နေပြန်တယ်။ စိတ်လှုပ်ရှားနေသည့်မျက်ဝန်းများကို ကွင်းအပြင်မှာရပ်ကြည့်နေသည့် လူတစ်စုမှာတွေ့နေရသည်။ နောက်ဆုံးတစ်ပတ်တွင်တော့ နှစ်ကြော့လုံးနောက်ကျနေသည့် အဖြူရောင်ကားလေးမှာ ကျန်ကားနှစ်စီးကိုကျော်တက်ကာ အရင်ဆုံးပန်းတိုင်သက်မှတ်ရာနေရာသို့ရောက်လေတော့ စိတ်လှုပ်နေရသည့်လူတစ်စုက ထအော်ကာ နာမည်တစ်ခုကိုတစ်သွင်သွင်အော်ဆိုနေကျသည်။
" Z ဟေး Z ကွ ဒါမှ Z ပီသတာ"
သို့သော် ထိုပျော်နေသည့်လူတစ်စုဘေးက တစ်ဖွဲ့ကတော့တောက်တစ်ခေါက်ခေါက်ဖြင့်အာမလိုအားမရဖြစ်နေခဲ့တာ။
"ကဲ အလောင်းအစားလုပ်ထားတာနိုင်သွားပြီနော် ဒါကြောင့် လောင်းကြေးလေး"
ဗမာစကားမဟုတ်သည့် ထိုင်းလေယူလေသိမ်းနှင့်ပြောနေသည့်သူများသာ။ ကားအဖြူလေးအတွင်းမှဆင်းလာသည့်သူကတစ်ခြာသူမဟုတ် ခုနကနာမည်ခေါ်ကာအားပေးခြင်းခံရသည့် Z။ နာမည်တစ်လုံးနဲ့နေသည့် Z ။ အမြဲနောက်ဆုံးပိတ်ရလာဒ်ကိုပြောင်းလဲနိုင်သည့် Z။ ကြေးစားပြိုင်ကားမောင်းသည့်လောကမှာ ရေပန်းစားတဲ့နာမည်တစ်လုံးနဲ့နေတဲ့ Z။ ယောကျ်ားလေးဟုထင်ရလောက်အောင် ယောကျ်ားလေးများနှင့်တန်းတူယှဥ်ပြိုင်မောင်းနှင်နိုင်သည့် Z။
"ကဲပွဲပြီးပြီဆိုတော့ ကိစ္စတွေရှင်းပြီနော် ပိုက်ဆံကတော့သိတယ်မဟုတ်လား"
YOU ARE READING
Still,into you(အချစ်±ပြိုင်ပွဲ)
Romanceပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော? Z+U × ပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော?