ဆေးရုံမသွားရတဲ့နားရက်နေ့ဆိုလျှင် တစ်မျိုးမဟုတ်တစ်မျိုးနှင့်အပြင်ထွက်တက်လွန်းလို့လဲ အပြင်ထွက်ခါနီးတိုင်း ချောင်းဟန့်သံတစ်မျိုးကိုတော့သူအလွတ်ရနေပြီလေ။ အခုတောင် ဖေဖေက သူ့အားဆိုဖာမှာထိုင်ရင်းအကဲခတ်နေသည်လေ။
"ဒါကိုဘယ်ကိုသွားအုန်းမလို့လဲသမီး"
"ဒီနေ့ မင်းခန့်က သူနဲ့လိုက်ခဲ့ပေးဖို့ခေါ်လို့ပါမေမေရဲ့"
"မောင်မင်းခန့်လာခေါ်မယ်ဆိုတော့လဲသွားပေါ့ စောစောတော့ပြန်လာနော်သမီးလေး ဟိုမယ် သမီးဖေဖေကမျက်စောင်းတွေလွတ်နေတာ"
"အဟီး စောစောပြန်လာမှာပေါ့ မေမေရဲ့ သမီးနောက်မကျပါဘူး မနတ်ကျ အစောဝင်ရမဲ့ case တစ်ခုရှိတယ်အဲ့တာ အတွက်အချက်အလက်ကြည့်ဖို့ရှိသေးလို့"
ပြောရက်းဆိုရင်းနှင့်ပင်အိမ်ရှေ့မှာဟွန်းသံကြားလိုက်ရသည်။ ထို့နောက် ကားမောင်းသည့်နေရာကဆင်းလာသူက သူ၏သူငယ်ချင်းဖြစ်သူ နေမင်းခန့် ပါပဲ။
"သားလာကွယ် ဒီမှာ မင်းညီမတောင်မင်းကိုစောင့်နေတာ"
"ဟုတ်ကဲ့အန်တီ လမ်းမှာကားလေးနည်းနည်းပိတ်နေလို့လေ နေကောင်းတယ်နော်အန်တီ နေကောင်းတယ်နော် အန်ကယ်"
"အေးကွာ ဒီလိုပါပဲ အသက်ကြီးလာပြီဆိုတော့လဲ မင်းအဖေကောဘယ်နဲ့ရှိစ အန်ကယ်လဲဒူးမကောင်းတော့ဂေါက်ကွင်းမသွားဖြစ်တာနဲ့ မင်းအဖေနဲ့မတွေ့တာကြာပြီ"
"ဟုတ်အန်ကယ် ဒယ်ဒီလဲနေကောင်းပါတယ်"
နေမင်းခန့်ကို ဖေဖေဘာလို့အမြင်ကြည်လဲလို့မေးလာရင်။ နေမင်းခန့်အဖေက ဖေဖေတို့စစ်သင်တန်းအပတ်စဥ်ကဂျူနီယာလေ။ တစ်ချိန်တုန်းက ဖေဖေက နေမင်းခန့်အဖေရဲ့ ဂါဒီယန်။ နောက်ဖေဖေ ဆေးနဲ့ပင်စင်ယူပြီးအစိုးရဝန်ထမ်းဖြစ်သွား၍သာအဆက်ဆက်မရှိတော့တာ။ ဒါပေမဲ့လဲ တစ်ခါတစ်ရံ သူတို့လူကြီးတွေ တွေ့စုံပွဲဟုဆိုလာလျှင် နေမင်းခန့်အဖေနဲ့ သူ့အဖေကပွဲကျနေတက်သေးသည်။ လူကြီးချင်းကလဲစီနီယာဂျူနီယာ လူငယ်ချင်းကလဲခင်မင်ရင်းနီးနေတော့ ဖိတ်ခြင်းဖိတ်ကိုယ်အိတ်ထဲဖိတ်စေချင်တဲ့လူကြီးများက သူနှင့်နေမင်းခန့်ကိုနေရာချပေးချင်ကျသည်။ သူကသာလက်မခံ၍သာဒီနေ့ဒီချိန်ထိတစ်ယောက်ထဲနေလို့ရတာ။ နောက်ပြီးသူလက်မခံချင်တာကို အတင်းမတောင်းဆိုဖို့လဲနေမင်းခန့်ကဝင်ပြောသေးသည်။
YOU ARE READING
Still,into you(အချစ်±ပြိုင်ပွဲ)
Romanceပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော? Z+U × ပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော?