ဘန်ကောက်နဲ့ရန်ကုန်ဆိုတာ သိပ်မကွာဝေးလှသည့်အကွာအဝေးလေးတစ်ခု။ ဘန်ကောက်ကနေချက်ချင်းရန်ကုန်ပြန်မည်လုပ်တုန်းက ကျေးဇူးရှင်ဦးလေးအပါအဝင် အလုပ်တွဲလုပ်နေသည့်သူများကပါသူ့ကိုနှမြောနေကျသည်လေ။ ဒါပေမဲ့လဲ သူဘန်ကောက်မှာဆက်မနေချင်တော့ပါ။ ဒါကြောင့်ပင် နယူးဇီလန်ကိုတောင်မပြန်ခဲ့ပါပဲနှင့် မေမေဆန္ဒအတိုင်းသူ့အရိုးပြာလေးအား ရန်ကုန်သို့ပြန်ယူလာခဲ့ပြီးရေမျောပေးဖို့လုပ်ခဲ့ပါသည်။ ရန်ကုန်မြေကိုနင်းနင်းချင်းမှာပဲသူဟာ မေမေ့အရိုးပြာကိုရေမျောပေးခဲ့လေသည်။
ဘန်ကောက်မှာတုန်းကဆင်စွယ်ရောင်ဆံပင်ဆိုးထားသည်ကို ရန်ကုန်မပြန်ခင် နီညိုရောင်သို့ပြောင်းခဲ့လေသည်။ ဟိုမှာပိုင်ဆိုင်သမျှပစ္စည်းများကိုရောင်းချခဲ့ပြီးဒီရောက်မှ ကွန်ဒိုတစ်ခန်းနှင့်ကားတစ်စီးဝယ်ဖြစ်ခဲ့သည်။ တစ်ခါကသူကူညီဖူးသည့်သူကောအခုရန်ကုန်မှာရှိလောက်လျှင်တွေ့နိုင်ကောင်းပါရဲ့။ ရန်ကုန်ရောက်တော့သူဘာဆက်လုပ်ရမယ်ဆိုတာမသိ။ ဒီတိုင်းစိတ်လိုလက်ရသာထွက်လာခဲ့တာတကယ်တမ်းကျသူဘာဆက်လုပ်ရမည်ဆိုတာမသိချေ။
တီတီ။ တီတီ။
သူ၏မျက်ခုံးများကထိလုမတက်ဖြစ်သွားကာ ဝင်လာသည့်ဖုန်းနံပါတ်စိမ်းကိုကြည့်နေမိသည်။ သူဒီဖုန်းဝယ်တာဒီရောက်မှ။ သို့သော်ဘယ်သူ့ကိုမှသူ့ဖုန်းနံပါတ်မပေးဖူးပါ။ မပေးဖူးဆိုရန်ကုန်မှာအသိမှမရှိတာလေ။ ဘယ်သူကများသူ့ဖုန်းနံပါတ်ရသွားလေသလဲ။ ဒါမှမဟုတ်ဖုန်းမှားဆက်သည့်ဖုန်းများလားဟူ၍မကိုင်ပဲနေလိုက်မိသည်။ သို့သော်ဖုန်းကမကိုင်မချင်းခေါ်နေသည့်ဟန်။ ဒါကြောင့်ဖုန်းကိုင်လိုက်မိသည့်အခါ သူ့နာမည်ကိုခေါ်ဆိုတာကြားလိုက်ရသည်လေ။
"Hello! Z welcome from Yangon"
"ဘယ်သူလဲ ဘယ်သူမို့လို့ ကျွန်မကိုသိသလိုလာလုပ်နေတာလဲ"
"ဝိုးဝိုး easy အေးဆေးပေါ့ Z ရဲ့ အခုကျွန်တော်လိပ်စာတစ်ခုပေးလိုက်မယ် လာဖြစ်အောင်ဆက်ဆက်လာခဲ့ပါ ဒီရောက်ရင် Z သိချင်တဲ့ကိစ္စတွေမှန်သမျှအကုန်သိစေရမယ်လို့အာမခံတယ် ဒါပေမဲ့ မလာပဲနဲ့တော့မနေနဲ့နော် အခု Z ဘယ်မှာရှိတယ် ဘာလုပ်တယ်ကအစကျွန်တော်တို့အသိုင်းအဝိုင်းကသူတွေကစုံစမ်းထားပြီးသား ဒါကြောင့်လာဖြစ်အောင်လာခဲ့ပါ Z သဘောကျမယ်လို့အာမခံပါတယ်"
YOU ARE READING
Still,into you(အချစ်±ပြိုင်ပွဲ)
Romanceပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော? Z+U × ပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော?