တီတီ..တီတီ..တီတီ။
နှိုးစက်အလန်းသံကြောင့် ဘေးနားကဖုန်း screen လင်းနေသည့်အတွက်ယူကြည့်လိုက်တော့ မနက်၆နာရီကိုညွှန်ပြနေသည်။ ယနေ့ ဂျူတီဝင်ရမည့်အချိန်က ၉နာရီဖြစ်သည်။ သို့ပေမဲ့အိမ်အလုပ်လုပ်ကိုင်ပြီးမှသွားရလာရမည်ဖြစ်၍ ၆နာရီဟူသောအချိန်ကသူ့အတွက်တော့အဆင်ပြေလှသည်။
မနက်၅နာရီကတစ်ကြိမ်ထပြီးထမင်းအိုးတည်ထားသဖြင့်ထမင်းအိုးအတွက်ကတော့ပူစရာမလိုပါ။ ထမင်းပေါင်းအိုးဖြစ်သည့်အလျောက် ထိုင်ကြည့်နေစရာမလိုသည်ကလဲအချိန်ပေးရတာသက်သာနေစေသည်။ မနေ့ညက အရိုးနွင်ထားသည့်ချဥ်ပေါင်ရွက်ကိုရေသေချာဆေးပြီးနောက် ကြော်ချက်ပုံစံလေးကိုမျှစ်နှင့်ချက်ပြုတ်ပြီးနောက် ဘုရားဆွမ်းတော်တင်ရန်အတွက်ပါတပါတည်းပြင်ဆင်ခဲ့ပြီးရေချိုးဖို့ရန်အလို့ငှာပြင်ရပါတော့သည်။
ရေချိုးအဝတ်စားလဲပြီးမှ အလုပ်သွားရန်အပေါ်အောက်အရောင်ဆင်တူ အပြာရောင်ယူနီဖောင်းကိုလဲကျင်းဝတ်ဆင်ပြီးနောက် ထမင်းချိုင့်ထည့်ပြီးမှ ဘုရားရှိခိုးဖို့လုပ်ရသည်။ အနန္တောအနန္တငါးပါးဦးထိပ်ထားပြီး အရပ်ရှစ်မျက်နှာမေတ္တာပို့အမျှဝေပြီးနောက်တွင်တော့ မနက်စာသွက်သွက်စားကာ ကားဂိတ်သိူ့ကားမှီအောင်ပြေးရအုန်းပေမည်။
မိသားစုဟူ၍ဆွေမျိုးသားချင်းရှိသည်ဟုမထင်ရလောက်အောင် ရှေ့ဆင့်နောက်ဆင့်ဆုံးသွားသည့်မိဘနှစ်ပါးကြောင့် ဆွေးမျိုးဆိုတာဘယ်သူဘယ်ဝါမည်မသိ။ သူမခြေထောက်ပေါက်သူရပ်တည်နိုင်အောင်ရုန်းကန်ခဲ့ရသည့်နှစ်များပါပဲ။ မိဘနှစ်ပါးနှင့်အမွေဖြစ်သောအိမ်ကလေးတစ်လုံးရှိနေ၍သာ သူနေစရာအတွက်ပူစရာမလိုခြင်းဖြစ်ပေမည်။
YBS ကားတိုးစီးရမည်ဖြစ်၍ အိမ်မှစောစောထွက်ရပေသည်။ မနက်ပိုင်းဆိုသူတို့နေထိုင်ရာရပ်ကွက်ဘက်ကကားကပ်သည်ကို။ တိုးကြိတ်နေရသည့်ကားပေါ် ဟင်းများမဖိတ်အောင်ကိုင်ရသည့်အပြင် အလုပ်နောက်ကျမည်ကိုစိတ်ကလဲစိုးရိမ်နေရပါသည်။ အဘာ်ကောင့်ဆိုသော် ရန်ကုန်မြို့ပြ၏ မနက်ပိုင်းယဥ်ကြောပိတ်စို့မှုကတော်ယုံအနေအထားမဟုတ်ခဲ့ခြင်းပင်။
![](https://img.wattpad.com/cover/360775594-288-k570256.jpg)
YOU ARE READING
Still,into you(အချစ်±ပြိုင်ပွဲ)
Romanceပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော? Z+U × ပြိုင်ပွဲတစ်ခုမှာအနိုင်အရှုံးရှိရင် ကိုယ်ဆိုတဲ့လူကလဲအနိုင်ပဲလိုချင်တာ ဒါဆိုအချစ်ပြိုင်ပွဲဆိုရင်ကော?