အပိုင်း(၆)

1.1K 64 2
                                    

"မောင်..မောင်မောင်"

"‌ဗျာ"

"...."

ခေါင်းလေးငုံ့ကာ မခို့တရို့လေးရှက်ပုံရသွားသော စိမ်းမမ အားကြည့်ကာ အရေးပိုင်မင်းကြီးတစ်ယောက်တိတ်တခိုးရယ်မိပြန်ပါသည်။

"ဟို...ဟိုလေ စိမ်း မေးတဲ့မေးခွန်းလေးလည်းဖြေပေးလှည့်ပါဦးလားဟင်"

"...."

"ဪ ကျုပ်အလုပ်တွေရှိတာကိုမေ့နေတာ အခုကျုပ်မအားတော့ဘူး ဘယ်လိုလုပ်မလဲ"

မျက်ခုံးတစ်ဖက်ပင့်ကာ အလိုရှိရာရသွား၍ပျော်ရွှင်နေသည့်ကလေးတစ်ယောက်သဏ္ဍာန်နှင့် ပြောဆိုပုံက အမြင်ကပ်စရာကောင်းနေသည်မှာ အမှန်တကယ်ပင်။ရှက်စိတ်ကလေးပျက်ပြယ်ကာ ဒေါသစိတ်ကလေးထွက်ပေါ်လာရပြန်ပါသည်။

"အဲ့လိုလုပ်လို့ရရိုးလား ဦးလွင့်ပြယ်မောင်မောင်"

"ရလောက်မယ် ထင်တာပဲဗျ"

"အလိုတော်...ရှင်ဟာလေ လူပျိုကြီးဖြစ်မဲ့လူမျိုးသိရဲ့လား"

"..."

မျက်စောင်းလေးဝင့်ကာ ရန်တွေ့လာပုံအား အသည်းထဲလှိုက်အောင်စွဲရပြန်ပါသည်။သည်အတိုင်းဆို ဆက်၍စနောက်လို့မဖြစ်တော့ပေ။တော်ကြာ လူပုစိတ်တိုကလေး ငြိုငြင်သွားမှဖြင့် ခက်ရချည်ရဲ့။

"ရခဲလှတဲ့လူ့ဘဝမှာ လူပျိုကြီးတော့မဖြစ်ချင်ပါဘူးဗျာ ယော်ကျားလေးတစ်‌ယောက်တော့ယူချင်ပါသေးရဲ့"

"ရှင်.."

"ဟား ဟား ကျုပ်ကစတာပါဗျာ"

နှုတ်ဖျားမှစနောက်သည်ဟုပြောလိုက်သော်ငြား အမှန်တစ်ကယ်တွင်တော့စနောက်နေသည်မဟုတ်ကြောင်းအားအထူးတလည်ပြောမနေတော့ပေ။

"ရှင် ပြောပြမှာလား မပြောပြဘူးလားဆိုတာဘဲသေချာပြောပါ မဟုတ်ရင် ကျွန်မပြန်တော့မယ်"

"ကျုပ် ပြောပြပါ့မယ် ရွှေစိတ်တော်မညှိုးလိုက်ပါနဲ့ဗျာ"

"..."

"မိန်းမလျာတွေကို အသုံးတော်ခံအဖြစ်အသုံးချဖို့"

"ဟင်..."

"ဒါပေမဲ့ စိမ်း စိတ်မပူပါနဲ့"

"..."

အသုံးတော်ခံ ဟူသည့်စကားလုံးအား ရင်းနှီးလှပါသည်။တစ်နည်းအားဖြင့်ဆိုသော် ကလေးမမွေးနိုင်သည့်ပြည့်တန်ဆာပေါ့လေ။ဤသည်အားအဘယ်ကြောင့်များ စိတ်ပူခြင်းအလျင်းမရှိဘဲ နေရမည်နည်း။

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now