အပိုင်း(၈)

855 47 5
                                    

"စိမ်းမမက ကျုပ်ရဲ့လူ"

"‌အလို...အရေးပိုင်မင်းကြီးလို ကြီးကျယ်မြင့်မြတ်လှတဲ့လူက သည်လို ပြည့်တန်ဆာအိမ်က မိန်းမလျာတစ်ယောက်ကို ကျုပ်ရဲ့လူတဲ့လား"

"ဒီမယ် ချာတိတ် မင်းပါးစပ်ကိုပိတ်ပြီး ဒီနေရာအမြန်ဆုံးထွက်သွားဖို့ ကျုပ်အနေနဲ့သတိပေးလိုက်ချင်ပါတယ်"

"..."

"ဒီနေရာမှာ သည်ထက်ပိုပြီးကြာကြာနေဦးမယ်ဆိုရင်တော့ မင်းရဲ့အသက်ရှင်မှုအတွက်ကျုပ်အာမခံနိုင်မယ်မထင်ဘူး"

"လုပ်လိုက်လေ ကြာသလားလို့ ကျုပ်‌ဆိုတဲ့ကောင်က သေမင်းကိုတောင်တုယှဉ်မဲ့ကောင်မျိုး"

အချင်းချင်းရန်ဆောင်ကာ သတ်ကြဖြတ်ကြလုမတတ်အခြေအနေအားကြည့်ကာ စိမ်းမမ တစ်ယောက်စိတ်အိုက်လာရပါသည်။

"တော်ပါ‌တော့ တော်ကြပါတော့ရှင်"

ထိုသို့ ပြောလိုက်သည်နှင့် လှည့်ကြည့်လာကြသည်ကိုပင်ကျေးဇူးတင်ရမလိုပါပင်။

"ကြီးမြတ်လှစွာသော အရေးပိုင်မင်းကြီးနှင့်အင်စပက်တော်ကြီးရှင့် လာရာလမ်းအတိုင်းသာကြွတော်မူပါတော့"

"စိမ်းမမက ကျုပ်ကိုနှင်မှတော့ကျုပ်ကအလိုက်တသိထွက်သွားပေးရတော့မပေါ့"

"ဟောတော့်.."

မျက်နှာကလေးညှိုးငယ်စွာနှင့်ပြောဆိုပုံက လိုချင်တာမရ၍စိတ်ကောက်ငိုယိုတတ်သောကလေးတစ်ယောက်နှယ်ပင်။အရေးပိုင်မင်းကြီးဟာ ဤကဲ့သို့ချစ်စဖွယ်လူကြီးမှန်းမသိခဲ့ရိုးအမှန်ပင်။အသေအချာပြောနိုင်သည်ကတော့ ဦးလွင့်ပြယ်မောင်မောင် တစ်ယောက်စိတ်ကောက်သွားချေပြီ။

"အဟန့် အဟန့်...သည်လိုဆို ကျွန်‌တော့်ကိုလည်းပြန်ခွင့်ပြုပါဦး"

"ကောင်းပါပြီရှင်"

ထိုအရေးကြီးပုဂ္ဂိုလ်နှစ်ဦးထွက်ခွါသွားမှပင် စိမ်းမမတစ်ယောက် သက်ပြင်းရဲ့ရဲ့ချကာ စိတ်အေးမိလေတော့သည်။

သို့သော် စကားလေးတစ်ခွန်းဟာ ရင်ထဲတစ်နေရာ၌ ကိန်းအောင်းသွားခဲ့လေပြီ။

ဤသည်ကား "စိမ်းမမက ကျုပ်ရဲ့လူ" ဟူသည်ပင်။

တစ်ဖက်တွင်လည်း ပုလိပ်အင်စပက်တော် စိတ်ငြိမ်ဦးရာတစ်ယောက် ဒုက္ခလှလှကလေးနှင့်ဆုံတွေ့နေရပြန်ပါသေးသည်။

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now