အပိုင်း(၉)

606 28 4
                                    

ဦးလွင့်ပြယ်မောင်မောင် တစ်ယောက် အိမ်တော်သို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် စာကြည့်ခန်းအတွင်းသို့ဝင်ကာ မိမိကိုယ်တိုင်ပင်နားမလည်နိုင်သော မိမိ၏စိတ်အစုံအားပြန်လည်သုံးသပ်ကြည့်နေမိသည်။

များမကြာမီတွင် စကားသံတိုးတိုးကလေးဖြင့် တစ်စုံတစ်ရာအား ရေရွတ်နေသော အရေးပိုင်မင်းကြီးအားတွေ့ရပါလိမ့်မည်လေ။

"မိန်းမပျိုတစ်ဦးမဟုတ်သော သူမ ပါးချိုင့်နက်နက်ကလေးနှင့် သူမ ဆံနွယ်အစ ခြေဖမိုးအဆုံးမြတ်နိုးဖွယ်ရာဖြစ်သော သူမအား ကျုပ်...ကျုပ် မြတ်နိုးမိလေပြီလား"

"ကျုပ်ရဲ့မေတ္တာတွေကိုရော စိမ်းမမ ကလက်ခံလေပါ့မလား"

"မေတ္တာစာပေးပြီးဖွင့်ပြောရင်ကောင်းမလား"

(ရေကိုချစ်တာ ဗေဒါ
စိမ်းကိုချစ်တာ မောင်မောင် ပါ)

ကျုပ်တော့ရူးရပါချည်ရဲ့ စိမ်းမမရယ်။
•••••••••••••••••••••••••••••••••
တစ်ဖက်တွင်လည်း...

"မမမြ မမမြရေ ကယ်‌ပါဦး"

"အလို...အလန့်တကြားနဲ့ ဘာများဖြစ်သလဲ ဘရဏီ"

"စံအိမ်ရဲ့ ဝန်းပတ်လည်ကို အစိုးရအမှုထမ်းတွေဝိုင်းထားကြပါတယ်"

"..."

"ပြီး...ပြီးတော့ မဟာဝန်ရှင်တော်မင်းကြီး စဝ်ခွန်နုလည်း စံအိမ်ဝန်းအတွင်းကိုရောက်ရှိနေပါတယ်"

"အလိုတော်..."

ဝန်ရှင်တော်မင်းကြီးဟာအဘယ်ကြောင့်များ ဤပြည့်တန်ဆာစံအိမ်အတွင်းသို့ခြေချရသနည်း။ကြီးကြီးမားမားတစ်ခုခုတော့ဖြစ်ချေပြီ။

ခတ္တအကြာတွင်...

"ကျန်းမာပါစ မဟာဝန်ရှင်တော်မင်းကြီး စဝ်ခွန်နု ရှင့်"

"ကျန်းမာပါတယ် ဒေါ်မြကိန္နရီ"

"..."

"ကျုပ်မှာ အချိန်သိပ်မရှိဘူး ဒါကြောင့် ကျုပ်လိုရာကိုဘဲမိန့်ဆိုမယ် ကျုပ်အမိန့်ကိုဖီဆန်ခွင့်မရှိဘူး"

"အမိန့်ရှိပါ မဟာဝန်ရှင်တော်မင်းကြီး"

"ကောင်းပြီ ကျုပ်အလိုရှိသူ သုံးဦးရှိတယ်"

လှရက်၍ မချစ်ရက်နိုင်ပါ(Ongoing)Where stories live. Discover now