ဒေါက် ဒေါက်!!
"ဗျာ"
"စောယွင်ခြည် နိုးရင်လည်းထတော့ဟေ့ မင်းမကြီးကိုထမင်းချိုင့်ပြင်လို့ရအောင်"
"မေမေ သူ့ဟာသူပြင်ပစေပေါ့ဘာလို့အငယ်ကိုသွားပြောနေတာလဲ"
"အလတ်မ နင်လည်းကိုယ့်အလုပ်ကိုလုပ်စမ်းကာစိကာစိနဲ့ အဲ့တာကြောင့်အဲ့ကောင်ရောင့်တတ်နေတာ"
"မမကြီးကဘာဖြစ်နေလို့ကိုယ့်ထမင်းချိုင့်ကို ကိုယ်တောင်ပြင်မနိုင်တာလဲ"
"အင်္ကျီရွေးနေတယ် ကိုမင်းထက်သားရဲ့meetingရှိတယ်"
"ထားပါ မမရယ်သားအားနေတာလုပ်ပေးလိုက်မယ် မေမေဘာဟင်းနဲ့ထည့်မှာလဲ သားဘာလုပ်လိုက်ရမလဲ"
"ရေခဲသေတ္တာဒုတိယထပ်မှာကြက်တောင်ပံအရိုးထုတ်ပြီးသားရှိတယ် အဲ့တာကိုကြော်ချက်လေးချက်ပေးလိုက်"
"ဟုတ် မေမေ"
"လာ မမကူပေးမယ်"
"ရပါတယ်မငယ်ရယ် ဒီနေ့မမသင်တန်းမှာ pre testရှိတယ်ဆို စာသွားကြည့်လိုက်ပါ သားကရတယ်"
....
"မေမေ သဘက်ခါကျောင်းတတ်ရမှာမို့လို့မုန့်ဖိုးလေးနည်း²လောက်"
"သွား မင်းဖအေဆီသွားတောင်းချည် ခြံထဲမှာရှိတယ်"
...
"ဖေ သားကိုမုန့်ဖိုးလေးပေးပါလား ကျောင်းအတွက်လိုအပ်တာလေးသုံးချင်လို့"
'ဦးသစ်ကမျက်လုံးပင့်ကြည့်လိုက်ပေမဲ့ဘာမှမပြော အဓိပ္ပါယ်ကသူမအားသေးဘူးဆိုတဲ့သဘော'
"အဲ့..အဲ့ဆိုသားရှိတာအရင်သုံးထားလိုက်မယ်"
'တစ်အိမ်လုံးကိုကြောက်သည်မဟုတ်ပေမဲ့မျက်နှရိပ်မျက်နှကဲကြည့်ရမှာစောယွင်ခြည်ရဲ့တာဝန်ပင် မကြည့်တတ်ရင်နာမဲ့သူကကိုယ်ပဲမို့'။
.....
"ဥာဏ်သွေး!"
"ဗျာ sir"
"သဘက်ခါကျောင်းစတတ်ရမယ်ဆို လစာကြိုထုတ်ပေးထားတယ်Hrဆီမှာသွားထုတ်|မနက်ဖြန်တရက်ခွင့်ပေးမယ် လိုအပ်တာဝယ်ပြီးပြင်ဆင်စရာရှိတာပြင်ဆင်လိုက်"
YOU ARE READING
Hibiscus
Teen Fictionအခုမှစရေးသာဖြစ်သည့်အတွက်အမှားပါနိုင်ပါတယ်။ ဒါ့ကြောင့်မို့တူညီမှုတွေရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါတယ်လို့အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်