ချစ်ခြင်းနှစ်ခုပေါင်းစပ်ပြီးချစ်နိုင်ဖို့ဘာတွေလိုအပ်သလဲ လိင်တူညီသည်ဖြစ်စေ ကွဲပြားသည်ဖြစ်စေ တစ်ဦးတစ်ဖက်နဲ့ချစ်ခြင်းနှစ်ခုစုံမက်တဲ့အခါ ထိုအရာကိုလည်းအချစ်လို့ခေါ်လို့ရပါတယ် ကန့်သတ်မှုတွေသာမရှိရင်ပေါ့ တချို့"သောရှေးရိုးစွဲမိဘတွေ genderတည်ငြိမ်သောတချို့လူတွေကဒီအရာကိုလက်မခံပါဘူး genderတည်ငြိမ်တယ်ဆိုတာကကိုယ်ကမိန်းမဆိုယောင်္ကျားကိုကြိုက်ရမယ် ထိုအဖိုနဲ့ပဲပေါင်းစပ်ရမယ်။ သူတို့စိတ်နဲ့သူများကိုနှိုင်းလိုက်တဲ့အခါ လိင်တူချစ်တာကသူတို့အတွက်ရွံစရာလိုလက်မခံနိုင်ကျပါဘူး။ဒါကလည်းလည်းကျွန်တော်တို့အမည်ရှာမရတဲ့ pathတစ်မျိုးပါပဲ လက်မခံနိုင်တဲ့သူတို့ကိုလက်မခံနိုင်ရကောင်းလားဆိုပြီးအပြစ်သွားတင်လို့မရပါဘူး ကျွန်တော်တို့ကိုလည်းထိုအရာကိုဆန့်ကျင်ခိုင်းတဲ့အခါလည်းကျွန်တော်တို့ဆန့်ကျင်လို့မရပါဘူး မဆန့်ကျင်နိုင်တာဆိုပိုမှန်ပါမယ် လူတိုင်းဟာမတူညီကွဲပြားတဲ့စိတ်တွေရှိကျပါတယ် ကိုယ်ပျော်ရာရပ်ဝန်းနေထိုင်တာလည်းကိုယ့်စိတ်ချမ်းသာရာတစ်မျိုးပါပဲ တချို့ဆိုမိဘတွေကို come outမလုပ်ရဲတာမျိုးရှိပါတယ် ဒါအတွက်လည်းကျွန်တော်တစ်ခုပြောချင်တာက come outလုပ်မှဖြစ်မှာလားဆိုတာကိုပါ မဖြစ်မနေကြီးလားပေါ့နော် မိဘကိုလည်းရှေးရိုးစွဲလွန်းတယ်သားသမီးပေါ်နားလည်မှုမရှိဘူးအစရှိသဖြင့်ဒီလိုမျိုးတွေအပြစ်သွားတင်လို့မရပါဘူး မိဘနေရာလည်းဝင်ကြည့်ဖို့လိုအပ်ပါတယ် မိဘတွေကျွန်တော်တို့လိုလူငယ်လူရွယ်တွေအချိန်တုန်းကဒါမျိုးလိင်တူချစ်တယ်ဆိုတာရှားပါတယ် မိဘတွေကဒါနဲ့မရင်းနှီးမအပ်စက်ခဲ့ဘူးတဲ့အခါမှာ ပတ်ဝန်းကျင်ကိုဂရုစိုက်မိပါတယ် အထူးသဖြင့်ပတ်ဝန်းကျင်ရဲ့လက်ညိုးထိုးမှုတွေကိုပေါ့ ဘောပြားတွေအခြောက်တွေဒါမျိုးပါ မိဘတွေမှာလည်းနှမြောတသစိတ်ရှိပါတယ် ယောင်္ကျားလေးမွေးတဲ့အခါယောင်္ကျားတို့အမူတိုင်းရှင်ပြုပေးချင်တယ် သင်္ကန်းစီးပေးချင်တယ် ဒါပေမဲ့ကိုယ့်သားကမိန်းမလျာဆိုတဲ့စိတ်နဲ့တွေးကြည့််မိရင် ရင်ကျိုးစရာပါပဲ ဒါတွေကမိဘတိုင်းလို့မဆိုလိုပါဘူး တချို့အများစုကလက်ခံနိုင်ကျပါတယ် gayနေလို့ဆိိုတဲ့အချက်ကြောင့်နဲ့တော့လူဖြစ်မရှုံးပါဘူးကိုယ့်ရဲ့genderခံယူချက်တစ်ခုပါပဲ "ငါတို့ဟာငါတို့အတွက်ပတ်ဝန်းကျင်ကိုနားပိတ်ထားရမယ်"ဆိုတာလေး ခေါင်းထဲထည့်ထားရမှာပါ ကဲ့ရဲ့လှောင်ပြောင်လဲဘာအရေးလဲ ကိုယ့်ကိုမပျော်စေတဲ့ပါးစပ်တွေဟလာတဲ့အခါ ကိုယ်ကိုတိုင်ကအဲ့ပါးစပ်တွေကိုမပိတ်နိုင်တဲ့အခါကိုယ့်နားပဲကိုယ်ပိတ်လိုက်ပါ ဒါကမလိုတဲ့စကားစုတွေမမှတ်သားလိုက်တာပါပဲ လိင်တူချစ်ခြင်းတိုင်းကျွန်တော်တို့ရဲ့စိတ်ကူးယဥ် happy endingတွေလောက်မသာယာမချိုမြနိုင်ပါဘူး အမှန်နဲ့အမှားကိုတော့မြင်နိုင်ကျပါ ချစ်တယ်ဆိုတာကလည်းလူရွေးမှန်ရင်ပျော်ရွှင်ရသလောက်လူရွေးမှားရင်လည်းစိတ်ဒုက္ခတစ်မျိုးပါပဲ မကောင်းတဲ့ပတ်ဝန်းကျင်ကိုဂရုစိုက်စရာမလိုပါဘူး အဆူးတွေအများကြီးကြားထဲမှာမှပွင့်တဲ့ပန်းပင်ကိုမြင်ဘူးကြလားတော့မသိဘူး ကျွန်တော်တို့ကအဲ့ထဲကပန်းလေးလိုပဲ သူများတွေခူးပြီးညိုးနွမ်းမသွားရလေအောင်ဆူးတွေကကာပေးသလိုပါပန်းဆိုတာအပင်နဲ့မှလှတဲ့မျိုးမဟုတ်ပါလား ကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့စိတ်နဲ့ခန္ဓာမထိခိုက်ရလေအောင် ဆူးတွေပန်းကိုကာသလိုမျိုး စဥ်းစားဥာဏ်ရည်နဲ့ကာကွယ်ရပါတယ် ဘယ်စကားကိုယ့်အတွက်လိုလဲမလိုတာလဲဆိုကိုပေါ့။ ပျော်ရွှင်ရာရပ်ဝန်းမှာပဲနေပါ ကိုယ်ကအမြဲလှပနေမှာပါ။
![](https://img.wattpad.com/cover/359308965-288-k764448.jpg)
YOU ARE READING
Hibiscus
Teen Fictionအခုမှစရေးသာဖြစ်သည့်အတွက်အမှားပါနိုင်ပါတယ်။ ဒါ့ကြောင့်မို့တူညီမှုတွေရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါတယ်လို့အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်