Episode 3

32 3 0
                                    

"မေမေထဦး မေမေ မေမေလို့ မေမေမွေးနေ့ကမနက်ဖြန်လေ မေမေဒီမှလှဲနေလို့မရဘူး မေမေမော်လမြိုင်အမြွှာကြီး"ဒူရင်းသီးစားချင်တာဆို သွားစားမယ်လေ သားပိုက်ဆံစုထားတယ် မေမေအဲ့လိုကြီးလှဲနေလို့မဖြစ်ဘူးလေ"

'ထိုကောင်လေးဘယ်လောက်နှိုး"သူ့မိခင်ကမနိုးတော့ပေ သွေးအိုင်တွေထဲပုံရက်သား ခွေခေါက်နေသည်ပင်'။

'ထားသွားပြီ မေမေကသူ့ကိုထားသွားပြီ သူယုံကြည်ချစ်ရတဲ့မေမေကသူ့ကိုထားသွားပြီ ဘယ်ကနေစခဲ့တဲ့အမှားတွေလဲဘာလို့မေမေနဲ့ကျမှအဆုံးသတ်ရသလဲ ၁၅နှစ်ကလေး၏ဦးနှောက်ထဲတွင်ထိုအရာတွေလည်ပတ်နေသည် သူမတွေးတတ်တော့ပေ ထိုအချိန်သူတယောက်ထဲစိုးစိတ်ပူပန်ရသည် သူ့ရှေ့ရေးနဲ့မေမေမရှိပဲဆက်လျှောက်ရမည့်ဘဝဆူးလမ်းတွေ'။

"ဟူးးးးးးးး"

'မျက်ရည်တွေနှင့်လန့်နိုးခဲ့သည့်အတွက်ကြောင့်လေပူတချက်ကိုခပ်ပြင်း"မှုတ်ထုတ်လိုက်သည် မျက်ရည်တစ်ချို့လည်းလက်ဖမိုးနဲ့ချက်ချင်းဆွဲသုတ်လိုက်သည် သူမငိုပါ မေမေကသူ့ကိုအကြံ့ခိုင်ဆုံးကလေးဖြစ်စေချင်ခဲ့သည် ငယ်ဘဝတုန်းကအရာမှန်သမျှတွေးပူခဲ့ပေမဲ့ အခုသူမကြောက်တော့ပါ မေမေခြုံလွှမ်းပေးခဲ့သည့်မေတ္တာအရေထူကြီးကိုဘယ်ဒုက္ခမြှားချွန်မှမထိုးဖောက်နိုင် ငိုနေယုံနဲ့ပြဿနာပြီးမသွား ကိုယ်တိုင်ရင်ဆိုင်မှသာ ထိုပြဿနာလည်းပေါ့မည် ပြဿနာဟုဆိုကာရှောင်ပြေးနေလျှင်ထိုအရာသည်ပို၍သာကြီးမားလာမည်။

'သူ့မှာ ဦးတည်ချက်ရယ်လို့ရှိပေမဲ့ ထိုဦးတည်ချက်ကိုရောက်ဖို့ရာအတွက်လမ်းစမရှိ ။တချို့"ဆို ဆရာဝန်ဖြစ်ရန်ဆေးကျောင်းတတ်ရသကဲ့သို့ပေဖြစ်ပေမဲ့|သူ့ဦးတည်ချက်ကသူကိုယ်တိုင်လျှောက်နိုင်မှသာချောမွေ့မည် ထိုအရာသည် မေမေသေဆုံးရသည့်အကြောင်းအရင်းကိုရှာဖွေခြင်းသာ။

....

"ကဲ ကိုသစ်ရှင့်သားအငယ်ကိုဘယ်လိုလုပ်မှာလဲ"

"ငါကဘာကိုဘယ်လိုလုပ်ရမှာတုန်း"

"အသက်၁၈ပြည့်ပြီးလို့၁၉ပဲဖြစ်နေပြီ အခုထိရည်းစားမရှိတာဟုတ်ရောဟုတ်ပါ့မလဲ"

HibiscusWhere stories live. Discover now